မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, March 12, 2017

ဘာစီလိုနာ - ပီအက်စ်ဂျီပွဲ ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင် အရေးယူခံ ရဖွယ်ရှိ


ကွင်းလယ်ဒိုင် ဒဲနစ်ဇ်


ဘာစီလိုနာကို မျက်နှာသာ ပေးခဲ့တယ်လို့ စွပ်စွဲခံ နေရတာပါ။

ဘာစီလိုနာ အသင်းက ပီအက်စ်ဂျီကို ၆-၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ တာဝန်ယူတဲ့ ကွင်းလယ်ဒိုင်ကို အရေး ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

စပိန်ကလာတဲ့ သတင်းတစ်ရပ်အရ အဆိုပါ ချန်ပီယံလိဂ်ပွဲစဉ်မှာ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်များစွာ ပြုလုပ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး ဒဲနစ်အိုင်တီကင်ကို ယူအီး အက်ဖ်အေဘက်က အရေးယူဖို့ စုံစမ်းနေတာဖြစ်တယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ပထမအကျော့မှာ ပီအက်စ်ဂျီအသငိးကု ၄-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပေမယ့် ဒုတိယအကျော့ အိမ်ကွင်းမှာ ပြန်ကစားရတဲ့အခါ ၆-၁ ဂိုးနဲ့ ပြန်လည်အနိုင်ရရှိပြီး နောက်တဆင့်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်ကို တာဝန်ယူခဲ့တဲ့ ဂျာမနီဒိုင်လူကြီး ဒဲနစ်ဟာ ဘာစီလိုနာရဲ့ လက်ထိဘောတွေကိုလစ်လျူရှုခဲ့တဲ့အပြင် ဘာစီလိုနာအသင်းကို ပင်နယ်တီနှစ်လုံး
ပေးခဲ့သူဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ခုနှစ်မိနစ်အတွင်း ဘာစီလိုနာအသင်းဘက်က သုံးဂိုးရရှိသွားခဲ့တာဖြစ်ပြီး မိနစ်ကိုးဆယ်ပြည့်လို့ နာကျင်အချိန်ရောက်ခါစမှာ ပင်နယ်တီတစ်လုံး ဘာစီလိုနာကို ကန်ခွင့်ပေးခဲ့ပါသေးတယ်။

အဆိုပါကွင်းလယ်ဒိုင်ကို အရေးယူဖို့ စုံစမ်းစိစစ်နေကြောင်း စပိန်သတင်းစာ မာကာက ဖော်ပြခဲ့တာဖြစ်ပြီး ကြီးမားတဲ့အရေးယူမှုမျိုးကိုတော့ ပြုလုပ်ဖွယ်မရှိပါဘူး။

ဒိုင်လူကြီး ဒဲနစ်ကို လက်ရှိ၂၀၁၆-၁၇ ဘောလုံးရာသီ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဝင်ရောက်တာဝန်ယူစေခြင်းမပြုဖို့ တားမြစ်တာလောက်သာ ပြုလုပ်သွားမယ်လို့ ယူအီးအက်ဖ်အေဘက်က ပြောထားကြောင်း သိရပါတယ်။



ဖီဖာဥက္ကဌ အင်ဖန်တီနိုကလည်းဘာစီလိုနာက ပီအက်စ်ဂျီကို အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက် အပေါ် ဝေဖန်တာမျိုး မလုပ်ပဲ ထောက်ခံမှု ပြုလုပ်ထားကြောင်း သိရပါတယ်။

ဒီရလဒ်ဟာ ဘောလုံးပွဲကို လူတွေ သဘောကျရတဲ့ အချက်တွေထဲက တစ်ချက်ဖြစ်တယ်လို့ ဖီဖာဥက္ကဌက ပြောပါတယ်။

Source : Gaol

From : Duwun by KK

Originally published at - http://www.duwun.com.mm/sports/international/-id6357401.html

No comments:

Post a Comment