
အသင်းရဲ့ ရလဒ်တွေ ဆိုးဝါး နေပေမယ့် လည်း အနာဂတ် အတွက် စိတ်မပူ ဘူးလို့ လက်စတာ အသင်းနည်းပြ ရိုင်နရီက ပြောပါတယ်။
လောလောဆယ် လက်စတာ အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ မကောင်း ဖြစ်နေလို့ အသင်း ပိုင်ရှင်တွေက စိတ်ပျက် နေတာပါ။
လက်ရှိ ချန်ပီယံ လက်စတာဟာ ကစားပြီးတဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၇ ပွဲ အထိ ရှုံးထားလို့ တန်းဆင်းဇုန် အထက်နားမှာ ရပ်တည် နေပါတယ်။
နည်းပြ ကတော့ အသင်း ပိုင်ရှင်တွေက သူ့ကို ထောက်ခံပေး ထားပြီး ဘယ်လို ကူညီပေးရမလဲ ဆိုတာကိုပဲ အမြဲမေး တယ်လို့ ပြောပါတယ်။
လက်စတာဟာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲဆက် နေပေမယ့်လည်း ချန်ပီယံလိဂ်မှာတော့ ရလဒ်ကောင်းပြီး အုပ်စုဗိုလ် အဖြစ်နဲ့ ရှုံးထွက် အဆင့်ကို တက်ရောက်နိုင် ခဲ့ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/178941

No comments:
Post a Comment