မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, May 9, 2017

မစ်ဒယ်ဘရော့ကို ဂိုးပြတ်နိုင်ပြီး ချဲလ်ဆီး ချန်ပီယံဖြစ်ရန် ပိုမိုနီးစပ် (ရုပ်သံဟိုက်လိုက်)




ပရီး မီးယားလိဂ် ပွဲစဉ် အဖြစ် အမှတ်ပေး ဇယား ထိပ်က ချဲလ်ဆီးနဲ့ တန်းဆင်းဇုန် ထဲက မစ်ဒယ် ဘရော့တို့ မေ ၈ ရက်က ယှဉ်ပြိုင်ရာ ချဲလ်ဆီးက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံ ဖြစ်ရေး ပိုမို နီးစပ် လာပါတယ်။

ချဲလ်ဆီး အတွက် အဖွင့် ဂိုးကို ၂၃ မိနစ်မှာ တိုက်စစ်မှူး ဒီယေဂို ကော်စတာက သွင်းယူပေး ခဲ့ပြီး ၃၄ မိနစ်မှာ အလွန် ဆိုက တဂိုး ထပ်သွင်း ခဲ့လို့ ပထမပိုင်း အပြီးမှာ ချဲလ်ဆီးက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင် ထားနိုင် ခဲ့ပါတယ်။

ချဲလ်ဆီးဟာ တိုက်စစ်မှာ ကော်စတာ၊ ဟာဇက်၊ ပက်ဒရိုနဲ့ ပွဲထွက်ခဲ့သလို တိုက်စစ်ဆင် ဂိုးကန်သွင်းနိုင်မှုရော ဘောလုံးပိုင်ဆိုင်မှုမှာပါ အသာရခဲ့ပါတယ်။

ချဲလ်ဆီးအတွက် တတိယဂိုးကိုတော့ ပွဲချိန် ၆၅ မိနစ်မှာ မာတစ်က သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲအနိုင်ရတဲ့ ချဲလ်ဆီးအသင်းဟာ အမှတ်ပေးချန်ပီယံဖြစ်ရေး လက်ကျန်ပွဲစဉ် ၃ ပွဲမှာ တပွဲအနိုင်ရတာနဲ့ ချန်ပီယံဖြစ်မှာဖြစ်ပါတယ်။

မစ်ဒယ်ဘရော့ကတော့ ဒီပွဲရှုံးနိမ့်ခဲ့တဲ့အတွက် ရာသီကုန်မှာ တန်းဆင်းရဖို့ သေချာသွားပြီ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/205510

No comments:

Post a Comment