
စကော့ တလန် တနှစ်တာ ပီအက်ဖ်အေ အကောင်းဆုံး ကစားသမား ဆုကို ဆဲလ်တစ် တောင်ပံ ကစားသမား စကော့ ဆင်ကလဲယားက ရရှိခဲ့ ပါတယ်။
ဆင်ကလဲယားဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်း အရွှေ့က အက်စ်တွန်ဗီလာ အသင်းကနေ ပေါင် ၃ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင် ခဲ့သူလည်း ဖြစ်ပါတယ်။
ဒီဆုကိုရရှိဖို့အတွက် အသင်းဖော် ဒမ်ဘီလီ၊ စတူးဝပ် အမ်းစထရောင်းတို့နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။
ဆင်ကလဲယားနဲ့အတူ ဆဲလ်တစ်အသင်းကို ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ဘရန်ဒန်ရော်ဂျာဟာလည်း ၁ နှစ်တာ အကောင်းဆုံး နည်းပြ ဆုကို ရရှိခဲ့ပြီးတော့ လူငယ်ကစားသမား ကီရန်တိုင်ရာနေးက တနှစ်တာ အကောင်းဆုံးလူငယ်ဆုကို ရရှိခဲ့ပါတယ်။
ဘရန်ဒန်ရော်ဂျာဟာ အခုဆုကို ဆွတ်ခူးခဲ့တာကြောင့် အင်္ဂလိပ်လိဂ် ၂ ခုစလုံးမှာ ဆုရခဲ့တဲ့ ပထမဆုံးနည်းပြ ဖြစ်လာခဲ့ပါတယ်။
အခုနှစ်မှာ သိသိသာသာ ခြေစွမ်းပြပြီး နာမည်ကြီးလာခဲ့တဲ့ ဆဲလ်တစ်လူငယ်တိုက်စစ်မှူး မိုဆာဒမ်ဘီလီကတော့ တနှစ်တာ အကောင်းဆုံးဂိုးဆုကို ရရှိသွားပါတယ်။
ဓာတ်ပုံ - GETTY
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/205574

No comments:
Post a Comment