
အသင်းဟောင်း မန်ယူ ဘက်ကို ဂိုးသွင်းယူ ခဲ့တာနဲ့ ပတ်သက်ပြီး သာမန် ပျော်ရွှင်မှု တခုသာ ဖြစ်တယ်လို့ အာဆင်နယ် တိုက်စစ်မှူး ဝဲလ်ဘက်က ပြောကြား လိုက်ပါတယ်။
ဝဲလ်ဘက်ဟာ အာဆင်နယ် အသင်းက မန်ယူ အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲမှာ ဒုတိယ အနိုင်ဂိုး သွင်းယူ ခဲ့တာပါ။
မန်ယူ အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့ဒ်ကွင်းဟာ သူကြီးပြင်းလာတဲ့ ထူးခြားတဲ့ နေရာတခု ဖြစ်ပေမယ့် ဒီလို အချိန်မှာတော့ အလုပ်သဘော အရ အသင်း အနိုင်ရရေး အတွက်ပဲ ကြိုးစား သွားရမှာ ဖြစ်တယ်လို့ ဝဲလ်ဘက်က ပြောပါတယ်။
မန်ယူ အသင်းနဲ့ပွဲမှာ အနိုင်ရ ခဲ့တာဟာ အသင်း အတွက် အရေးပါ ခဲ့ပြီး အဆင့် ၄ အတွင်း ဝင်ဖို့ အတွက် ဆက်ပြီး ကြိုးစား သွားရမှာ ဖြစ်တယ်လို့လည်း ဝဲလ်ဘက်က ပြောပါတယ်။
ဝဲလ်ဘက်ဟာ မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဝဲလ်ဘက်အနေနဲ့ ဒီရာသီမှာ အာဆင်နယ်အတွက် ၁၄ ပွဲကစားပြီး ၄ ဂိုး သွင်းယူထားပါတယ်။
အသက် ၂၆ နှစ်ရှိ အင်္ဂလန်ကစားသမား ဝဲလ်ဘက်ဟာ ၂၀၁၄ ခုနှစ်က ပေါင် ၁၆ သန်းနဲ့ မန်ယူအသင်းကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/205631





No comments:
Post a Comment