မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, May 9, 2017

မြန်မာမျိုးသမီး ဘောလုံးအသင်း အာစီယံ U-15 ပွဲမှာ ပွဲဦးထွက် အနိုင်ရ


(သတင်းဓာတ်ပုံ – VBN – Vietnam Breaking News)


လာအို နိုင်ငံ မြို့တော် ဗီယန်ကျင်း မြို့မှာ မေလ ၈ ရက် နေ့က ကျင်းပခဲ့တဲ့ အာဆီယံ U-15 အမျိုးသမီး ဘောလုံး ပြိုင်ပွဲမှာ မြန်မာ U-15 အမျိုးသမီး ဘောလုံး အသင်းက အိမ်ရှင် လာအို အသင်းကို ၂ ဂိုး ၀ နဲ့ အနိုင် ရရှိခဲ့ ပါတယ်။

အဲ့ဒီနေ့ ပွဲစဉ်မှာပဲ အုပ်စု A မှာ ပါဝင်တဲ့ ထိုင်းအမျိုးသမီး ဘောလုံး အသင်းကလည်း ဗီယက်နမ် အသင်းကို ၁ ဂိုး ၀ နဲ့ အနိုင် ရရှိခဲ့ တာပါ။

ဗီယက်နမ်နဲ့ မြန်မာ အသင်းတို့ကတော့ လာမယ့် မေလ (၁၂) ရက်နေ့ သောကြာနေ့မှာ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

ဒီကနေ့ မေလ ၉ ရက်နေ့မှာတော့ ဖိလစ်ပိုင်အသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်နေကြတာဖြစ်ပြီး အဲ့ဒီနောက်မှတော့ စင်္ကာပူနဲ့ ကမ္ဘောဒီးယား အသင်းတို့ ယှဉ်ပြိုင် ကြမှာဖြစ်ပါတယ်။

အမျိုးသမီး U-15 ပြိုင်ပွဲကို အာစီယံ ဒေသတွင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ ကျင်းပခဲ့တာဖြစ်ပြီး အာဆီယံနိုင်ငံ ၉ နိုင်ငံ က အမျိုးသမီးဘောလုံး အသင်းတွေ အုပ်စု ၂ စု ခွဲ ယှဉ်ပြိုင်နေကြတာပါ။

အုပ်စုပတ်လည် ပွဲစဉ်တွေ အပြီးမှာတော့ ဆီမီး ဖိုင်နယ်ကို အုပ်စုဗိုလ် အသင်း ၂ သင်းစီ တက်ရောက်မှာဖြစ်ပြီး ဖိုင်နယ်ပွဲကိုတော့ မေလ ၂၀ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news/international-news/35666/

No comments:

Post a Comment