မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 28, 2016

ရိုးရာလက်ဝှေ့ ချန်ပီယံ ထွန်းထွန်းမင်း ယှဉ်ပြိုင်ဘက် အဒမ် (သြစတြေးလျ) ကို အလဲထိုး




တိုကျို မြို့မှာ ပထမဆုံး အကြိမ် ရိုးရာ လက်ဝှေ့ပွဲ Lethwei GP in Japan 2016 မှာ ချန်ပီယံ ထွန်းထွန်းမင်းက ယှဉ်ပြိုင်ဘက် အဒမ် (သြစတြေးလျ) ကို အလဲထိုး အနိုင်ရ ခဲ့ပါတယ်။

သူ့အနေနဲ့ အခုပွဲမှာ အနိုင်ရ တာဟာ မြန်မာနိုင်ငံ အတွက် ဂုဏ်ယူ သလို ပရိသတ်တွေ အားပေးမှု အပါအဝင် အဘက်ဘက်က ပံပိုးမှု aတွကြောင့်လို့ ဒီဗွီဘီကို ပြောကြား ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဘက်မှ ပွဲစီစဉ်သူ ဦးဝဏ္ဏ(မြန်မာမီဒီယာဂရု) ကတော့ အခုလို မြန်မာ့ရိုးရာ လက်ဝှေ့ စစ်စစ်ကို ဂျပန်နိုင်ငံမှာ ပထမဆုံး အောင်မြင်စွာ ကျင်းပနိုင် ခဲ့လို့ မြန်မာ ပြည်သူများ ကိုယ်စား ဝမ်းသာ ဂုဏ်ယူ မိတယ်လို့ ဆိုပါတယ်။

Lethwei GP in Japan 2016 မှာ ဂျပန်လူမျိုး အများအပြား ရုံပြည့် လာရောက် ကြည့်ရှုခဲ့ပြီး ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသူရိန်သန့်ဇင်လည်း တက်ရောက် ဆုချီးမြှင့် ခဲ့ပါတယ်။

အခုပြိုင်ပွဲမှာ ထွန်းထွန်းမင်းနဲ့ အဒမ် (သြစတြေးလျ)၊ တူးတူးနဲ့ စိုးလင်းဦး၊ အသားသည်းတပွင့်နဲ့ ကြယ်စင်ဖြိုး၊ ထွန်းလွင်မိုးနဲ့ စောထူးအောင်၊ စောအယ်လေး နဲ့ စောထူးဇော် တို့ ပါဝင် ထိုးသတ် ခဲ့ကြတာ ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/173757

No comments:

Post a Comment