
ပြင်သစ် ဘောလုံး မဂ္ဂဇင်းရဲ့ Ballon d’Or (ဘန်နွန်ဒေါ့) ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ရွှေဘောလုံးဆု အတွက် ပထမ အဆင့် ဆန်ခါတင် လူ ၃၀ စာရင်းကို ထုတ်ပြန် လိုက်ပါတယ်။
အဲဒီ စာရင်းတွေ ထဲမှာ စီရိုနယ်ဒိုက ရေပန်းစား နေပြီး မက်ဆီနဲ့ ဆွာရက်ဇ် တို့လည်း ရေပန်း စားနေ ပါတယ်။
ဆုရမယ့် သူကိုတော့ နိုင်ငံတကာက အားကစား သတင်းထောက်တွေ နိုင်ငံ လက်ရွေးစင် အသင်းနည်းပြနဲ့ အသင်း ခေါင်းဆောင်တွေက မဲပေး ရွေးချယ်ကြမှာ
ဖြစ်ပြီး မဲအများဆုံး ရရှိသူက ရွေးချယ် ခံရမှာပါ။
စီရော်နယ်ဒိုဟာ ၂၀၁၃ နဲ့ ၂၀၁၄ တွေမှာ ဆုရရှိ ခဲ့ဖူးပြီး မက်ဆီကတော့ မနှစ်က အဲဒီဆုကို ရရှိခဲ့ သလို ၂၀၁၀ ကနေ ၂၀၁၂ အထိ ၃ နှစ် ဆက်တိုက် ရထားသူလည်း ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/173473

No comments:
Post a Comment