
ရီးယဲလ် မက်ဒရစ်နဲ့ အက်သလက် တီကို မက်ဒရစ် အသင်း တွေရဲ့ ဥပဒေ ချိုးဖောက် မှုတွေ ကို ခွင့်ပြုခဲ့တဲ့ စပိန်တော်ဝင် ဘောလုံးအဖွဲ့ချုပ် RFEF ကို ဖီဖာက ဆွစ်ဇ်ဖရန့် ၂၂၀၀၀၀ ဒဏ်ရိုက် ခဲ့ပါတယ်။
အသက် ၁၈ နှစ်အောက် နိုင်ငံတကာကစားသမားတွေကို ခေါ်ယူမှုမှာ မက်ဒရစ် အခြေစိုက် ကလပ် ၂ သင်းဟာ ဥပဒေချိုးဖောက်မှုတွေ ရှိတယ်လို့ ဖီဖာက ပြောပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ကိုပါ ဖီဖာက အရေးယူလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတကာ အပြောင်းအရွှေ့၊ လူငယ်ကစားသမားတွေကို ပထမဆုံး စာချုပ်ချုပ်မှုဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို RFEF က ချိုးဖောက် ခဲ့တယ် ဆိုတာ တွေ့ရှိ ရတယ်လို့လည်း ဖီဖာက ထုတ်ပြန် ပါတယ်။
ရီးယဲလ်နဲ့ အက်သလက်တီကိုအသင်းတွေကို ၂၀၁၇ ခုနှစ် အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမား ဝယ်ယူခွင့်ကို ဖီဖာက ပိတ်ပင်တဲ့ ပြစ်ဒဏ်ပေး ထားပါတယ်။ အဲဒီပြစ်ဒဏ် အတွက် ၂ သင်းလုံးက အားကစားဆိုင်ရာ ခုံသမာဓိရုံးကို အယူခံ တင်ထား ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/173462

No comments:
Post a Comment