မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 25, 2016

မြန်မာ ယူ-၁၆ ဘောလုံးအသင်း လာမည့်ရာသီတွင် မြန်မာ လိဂ်-၂ ဝင်ပြိုင်ရန်စီစဉ်


၂၀၁၆ အာဆီယံ ယူ−၁၆ ပြိုင်ပွဲဝင် မြန်မာ ဘောလုံး အသင်း ဓာတ်ပုံ−MFF


အာဆီယံ ယူ-၁၈ ဘောလုံး ပြိုင်ပွဲ အတွက် ပြင်ဆင် နေသည့် မြန်မာ့ လက်ရွေးစင် ယူ - ၁၆ အသင်း သည် လာမည့်နှစ် ဘောလုံး ရာသီ တွင် မြန်မာ လိဂ်-၂ ၌ ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ် ထားကြောင်း သတင်း ရရှိသည်။

၂၀၁၇ စက်တင်ဘာအတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၈ ပြိုင်ပွဲ၌ အောင်မြင်မှုရရှိရန် ပြိုင်ပွဲအကြိုပြင်ဆင်ခြင်းအဖြစ် လိဂ်-၂ သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း လက်ရွေးစင် ယူ-၁၆ အသင်း အုပ်ချုပ်သူ ဦးမိုး ဝေက ပြောသည်။

‘‘ယူ-၁၈ ပြိုင်ပွဲအတွက် ပြင် ဆင်တဲ့အနေနဲ့ လာမယ့်နှစ် ဘော လုံးရာသီမှာ လိဂ်-၂ မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတယ်။ နိုင်တာ၊ ရှုံးတာတွေက အဓိကမ ကျဘူး။ ဆုကြေးတွေ၊ ဆုတံ ဆိပ်တွေလည်း ဘာမှမယူဘူး။ ပြိုင်ပွဲ အတွေ့အကြုံရရှိဖို့အတွက်သာ အဓိကပြင်ဆင်မှာပါ’’ဟု ဦးမိုးဝေ က ပြောကြားသည်။

လိဂ်-၂ ၌ ဝင်ရောက်ယှဉ် ပြိုင်ရန် နိုဝင်ဘာတွင် ပြုလုပ်မည့် လိဂ်ကော်မတီအစည်းအဝေးသို့ တင်ပြမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါ က လာမည့်နှစ် ဘောလုံးရာသီ၌ အခြားအမည်တစ်မျိုးဖြင့် ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘လိဂ်ကော်မတီအစည်းအ ဝေးမှာ တင်ပြမယ်။ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုမယ်ဆိုရင် ယူ-၁၆ အသင်းအစား တခြားနာမည်တစ် ခုနဲ့ ဝင်ပြိုင်မယ်။ အသင်းက အခု လက်ရှိ လူငယ် လိဂ်-၂ (ယူ-၁၈)မှာ ဝင်ရောက်ယှဉ်ပြိုင်နေပါ တယ်’’ဟု ဦးမိုးဝေက ပြောသည်။

မြန်မာ ယူ-၁၆ အသင်းကို လက်ရှိတွင် နည်းပြချုပ် ဦးညီညီလတ်က တာဝန်ယူကိုင်တွယ်လျက်ရှိပြီး လူငယ်လိဂ်-၂ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိကာ ပွဲစဉ် ၂၈ ပွဲ ယှဉ်ပြိုင်ပြီးချိန်၌ အမှတ်ပေးဇယားအဆင့် (၂) နေရာ၌ ရပ်တည်နေသည်။

From : 7 day daily - By : ချစ်ဝိုင်း

Originally published at - http://www.7daydaily.com/story/79132

No comments:

Post a Comment