Monday, October 31, 2016
ချီလီတွင် ပွဲကြည့်စင်ပေါ်မှ ပရိသတ်ကို တိုက်ခိုက်သည့် ကစားသမား တစ်ဦး အဖမ်းခံရ
ချီလီတွင် ပွဲကြည့်စင် ပေါ်မှ ပရိသတ်ကို ခုန်ကန် ခဲ့သည့် ကစားသမား တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ကြောင်း သိရှိ ရသည်။
အောဒက်စ် အီတာလီယာနို အသင်း၏ တိုက်စစ်မှူး ဆီဘက်စတီယန်ပိုးလ်၏ လုပ်ရပ်သည် (၁၉၉၅) ခုနှစ်က မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် ကစား သမားကြီး အဲရစ်ကန် တိုနာက ခရစ္စတယ်လ် ပဲလေ့စ် ပရိသတ် တစ်ဦးကို ခုန်ကန်သည့် နာမည်ကျော် ကွန်ဖူးကစ်နှင့် နှိုင်းယှဉ်ခြင်း ခံနေရသည်။
အာဂျင် တီးနား ကစားသမား ပိုးလ်သည် ကလပ်ဒီပိုတီဗို ယူနီဗာဆီဒက် ကာတိုလီကာကို (၄-၁)ဖြင့် အရေးနိမ့်ပြီးနောက် ရန်စနေသည့် ပြိုင်ဘက် ပရိသတ် တစ်ဦးကို ပွဲကြည့်စင်ထိ တက်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပိုးလ်သည် ပွဲကြည့်စင်ပေါ် ခုန်တက်၍ ပရိသတ် တစ်ဦးကို ကန်ကျောက် လိုက်သည့်နောက် ပြိုင်ဘက် ပရိသတ်များ ဝိုင်းအုံလာရာ ဘေးလွတ်ရာသို့ အလျင် အမြန် ပြန်ဆင်း ခဲ့ရသည်။
ထိုဖြစ်ရပ်ကြောင့် ပြဿနာ များ ပေါ်ပေါက် ခဲ့ပြီး နောက်ဆုံးတွင် ရဲများက ပိုးလ်ကို အဝတ်လဲခန်း ထဲထိ လာရောက် ခေါ်ငင် ဖမ်းဆီး သွားခဲ့သည်။
၎င်းသည် ခေါင်းကို အောက်စိုက် ထားသော်လည်း ရဲများနှင့် အတူ လိုက်ပါ သွားချိန်တွင် လှောင်ပြုံး ပြုံးနေ ခဲ့သည်ကိုလည်း တွေ့ရသည်။
ပိုးလ်၏ တိုက်ခိုက် မှုကို ခံခဲ့ရသည့် ခရစ္စတိုဘယ်လ် အက်ဇ်တို ကွီဇာက “သူက ကျွန်တော့် မျက်နှာကို ခုန်ကန် သွားတာပါ။ ပွဲကြည့်စင်ရှေ့ အတား အဆီးကို ကျော်ပြီး ကျွန်တော့်ကို တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်က တရားဝင် အရေးဆို တိုင်တန်း သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြား ခဲ့သည်။
ကိုးလ်သည် ချီလီတွင် ပြဋ္ဌာန်းထားသည့် အားကစားကွင်းများ အတွင်း ရန်လို အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ ဥပဒေ အရ ပြစ်မှု ထင်ရှား ခဲ့လျှင် အမြင့်ဆုံးပြစ်ဒဏ် အဖြစ် ထောင် ၂ နှစ်ထိ ကျဖွယ် ရှိနေကြောင်း သိရသည်။
Ref: Daily Mail
From : Yangon Media Group
Originally published at - https://www.facebook.com/yangonmediagroup
Labels:
ဘောလုံးသမားများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment