AYA Bank Cup ရဲ့ အကြို ဗိုလ်လုပွဲ ပထမ ပွဲစဉ် အဖြစ် ဗီယက်နမ်နဲ့ ဟောင်ကောင် အသင်းတို့ ယှဉ်ပြိုင် ကစား ခဲ့ရာမှာ ဗီယက်နမ် အသင်းက ပင်နယ်တီ အဆုံး အဖြတ်မှာ ၄-၃ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ခဲ့ ပါတယ်။
ဟောင်ကောင်ရဲ့ ပွဲထွက် လူစာရင်းမှာ ဘရာဇီး၊ အင်္ဂလန်စတဲ့ နွယ်ဖွား ကစားသမား ၆ ဦး အထိ အသုံးပြု ခဲ့ပါတယ်။ ဗီယက်နမ် အသင်းကတော့ ဂျပန်ကလပ်မှာ ကစားနေတဲ့ လူငယ် ကြယ်ပွင့် ငုရင်ကောင်ဖောင်ကို အရန်ခုံမှာပဲ ထားပြီး လီကောင်ဗင်၊ ငုရင်ဗင်ကူရက်၊ ဖန်သန်လောင်းစတဲ့ အမာခံ ကစားသမားတွေနဲ့ ပွဲထွက် ကစားခဲ့ ပါတယ်။
ပွဲအစပိုင်းမှာကတည်းက ဗီယက်နမ်ကဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ကြံ့ခိုင်မှုကောင်းတဲ့ ဟောင်ကောင်ရဲ့ နောက်ခံလူတွေကို မကျော်နိုင်ခဲ့ပါဘူး။
ဟောင်ကောင်ရဲ့တိုက်စစ်ဆင်မှုတွေကိုလည်း ဗီယက် နမ်ခံစစ်ကစနစ်တကျဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပထမပိုင်းမှာ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့ကြလို့ ဂိုးမရှိ သရေကျနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ နှစ်သင်းစလုံးတိုက်စစ်ကို ပိုမိုဖိအားပေးကစားလာလို့ ပွဲကကြည့်ကောင်းခဲ့ပါတယ်။ ပွဲချိန် ၄၉မိနစ် မှာတော့ ဟောင်ကောင်အသင်းဦးဆောင်ဂိုးရခဲ့ပြီး ညာခြမ်းက ဖြတ်တင်ပေး တာကို အင်္ဂလန်ဖွား ကစာသမား မက်ကီးက ပိတ်သွင်းယူ ခဲ့တာပါ။
ပွဲကစားချိန် ၅၇မိနစ်မှာ တန်ပြန်တိုက်စစ်ကနေဗီယက်နမ်အသင်းအပိုင်း ကန်သွင်းခွင့်ရပေမယ့် တိုက်စစ်မှူး တွေအသုံးမချနိုင်ခဲ့လို့ ချေပဂိုးမရခဲ့ပါဘူး။ ဒါပေမယ့် ပွဲချိန် ၅၈ မိနစ်မှာတော့ ဘယ်ခြမ်းကဖြတ်တင်ပေးမှုကနေ ၀ါရင့်တိုက်စစ်မှူး လီကောင်ဗင်က အနီးကပ်ပိတ်သွင်းကာ ချေပဂိုးရယူခဲ့ပါတယ်။
ဆက်တိုက်ဆိုသလိုဖိကစား လာတဲ့ဗီယက်နမ်အသင်းဟာ ပွဲချိန်၆၂မိနစ်မှာဦးဆောင်ဂိုးရခဲ့ပြီး ဒီဂိုးကို လည်း အသင်းခေါင်းဆောင်လီ ကောင်ဗင်ကပဲ ညာခြမ်းကဖြတ်တင်ဘောက တစ်ဆင့် ခေါင်းတိုက်သွင်း ယူခဲ့တာပါ။
ဦးဆောင်ဂိုးပေးလိုက်ရတဲ့ ဟောင်ကောင်အသင်းဟာ တိုက်စစ်မှူးပေါလ်အိုလီဗာကို ထည့်သွင်းကာ တိုက်စစ်မြှင့်ခဲ့ပါတယ်။ ပွဲချိန်၇၇မိနစ်မှာတော့ ညာခြမ်းက အသာမတင်ပေးမှု ကနေပဲ မက်ကီးကဟောင်ကောင် အတွက်ချေပဂိုးသွင်းယူခဲ့ပါတယ်။
ပွဲ ၈၀ မိနစ်နောက်ပိုင်းမှာ ဗီယက်နမ်အသင်းက ပိုမိုဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ပေမယ့် တိုက်စစ်မှူးတွေ အသုံးမချနိုင်ခဲ့လို့ နှစ်ဂိုးစီသရေကျနေခဲ့ပါတယ်။
ဒါကြောင့်သတ်မှတ်ထားတဲ့ပြိုင်ပွဲစည်းမျဉ်းအတိုင်း ပင်နယ်တီကန်သွင်းကာအဆုံးအဖြတ်ရယူခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဗီယက်နမ်အသင်းက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ယူကာ ဗိုလ်လုပွဲ တက်ခဲ့ ပါတယ်။
ဗီယက်နမ်အသင်း အနေနဲ့ ဇွန်လ ၆ ရက်မှာ မြန်မာ သို့မဟုတ် စင်ကာပူနဲ့ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။
ပင်နယ်တီကန်သွင်းမှု ဟောင်ကောင် - ဗီယက်နမ်
- ဒေါ့ဆန်းတို့စ် -ဂိုးဘားကျော် ထရန်ငုရင်-ဂိုး
- အလက်ဆန်ထရို-ဂိုး ကွမ်ဟော့ဟိုင်-ဂိုး
- လမ်ကွမ်ချမ်း-ဂိုး လောင်ဟမ်တယောင်-ဂိုး
- ပေါလ်အိုလီဗာ-တိုင်ထိထွက် ဟောင်ဒင်သန်-ဂိုးကာကွယ်
- ရောဘက်တို- ဂိုး ဗန်ကူရက်-ဂိုး
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/153057
No comments:
Post a Comment