![]() |
ဘရာဇီးနောက်ခံလူ ဒါနီ အဲဗက်စ်ဟာ စပိန်ထိပ်သီး ဘာစီလိုနာ အသင်းကို စွန့်ခွာ တော့မှာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ် အရွယ် ညာနောက်ခံလူ အဲဗက်စ်ဟာ ဘာစီလိုနာနဲ့ အတူ ချန်ပီယံလိဂ် ၃ ကြိမ်၊ လာလီဂါ ဖလား ၆ ကြိမ်နဲ့ စပိန်ဘုရင့် ဖလား ၄ ကြိမ် ရယူ ထားပါတယ်။
ဘာကာအသင်း ဒါရိုက်တာ ဖာနန်ဒက်စ်က “အဲဗက်စ်က အသင်း ကနေ ထွက်ဖို့ ဆုံးဖြတ်ပြီး ပါပြီ။ ဒါဟာ သူ့ရဲ့ ကိုယ်ရေး ကိုယ်တာ ဆုံးဖြတ်ချက် ဖြစ်တယ်” လို့ ပြောပါတယ်။
ဘာစီလိုနာဟာ အဲဗက်စ်ရဲ့ နေရာမှာ အစားထိုးဖို့ ဒီနစ် ဆွာရက်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်က ဗီလာရီရဲလ် အသင်းကနေ ခေါ်ယူ ထားပါတယ်။
ဘရာဇီး နောက်တန်းသမားဟာ ဘာကာ အတွက် ပွဲပေါင်း ၃၉၁ ပွဲနဲ့ နိုင်ငံခြားသား ကစားသမားတွေ ထဲမှာ မက်ဆီ ပြီးရင် ဒုတိယမြောက် ပွဲအများဆုံး ကစားခွင့် ရတဲ့ သူလည်း ဖြစ်ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/152986







No comments:
Post a Comment