
ဘရာဇီး ကွင်းလယ် ကစား သမား တဦးဖြစ်တဲ့ ကာကာဟာ ဒဏ်ရာကြောင့် ကိုပါ အမေရိကား ဖလား ပြိုင်ပွဲနဲ့ လွဲချော် သွားပါတယ်။
ကွင်းလယ်လူ ကာကာဟာ ဒေါက်ကလပ် ကော်စတာ ဒဏ်ရာ ရသွားလို့ ဘရာဇီး အသင်းမှာ အရွေးချယ် ခံရပြီးမှ သူပါ ထပ်ပြီး ဒဏ်ရာရ သွားတာပါ။
ကာကာရဲ့နေရာမှာ ဘရာဇီးနည်းပြက ဂန်ဆိုကို ခေါ်ယူ ထားပါတယ်။
အသက် ၃၄ နှစ်အရွယ် ကာကာဟာ ဘရာဇီးအသင်းကနေ ဒဏ်ရာကြောင့် ၅ ဦးမြောက် နုတ်ထွက်သွားရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
သူဟာ ဒဏ်ရာကြောင့် ၃ ပတ်လောက် အနားယူရဖွယ် ရှိနေပါတယ်။
ကာကာဟာ အေစီမီလန်၊ ရီးရဲလ်မက်ဒရစ်တို့မှာ ကစားခဲ့ဖူးပြီး လောလောဆယ်မှာတော့ အမေရိကန် မေဂျာလိဂ်ကလပ် အော်လန်ဒို စီးတီးအသင်းမှာ ကစားနေပါတယ်။
အနှစ် ၁၀၀ ပြည့် ကိုပါ အမေရိကားဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် အမေရိကန်နိုင်ငံက ဒီကနေ့မှာ စတင် လက်ခံကျင်းပမှာ ဖြစ်ပါတယ်
by DVB
Originally published at - http://burmese.dvb.no/archives/152977





No comments:
Post a Comment