Friday, June 3, 2016
မြန်မာ ယူ-၁၄ အမျိုးသမီး ဘောလုံးအသင်း အုပ်စု ပထမဖြင့် ဆီမီးဖိုင်နယ် တက်
လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာရှ ယူ-၁၄ (အာဆီယံဇုန်) အမျိုးသမီး ဘောလုံး ပြိုင်ပွဲမှာ မြန်မာ လူငယ် အမျိုးသမီး အသင်းက အုပ်စု ပထမနဲ့ ဆီမီး ဖိုင်နယ်ကို တက်ရောက် သွားပါတယ်။
မေ ၃၁ ရက်မှ ဇွန် ၂ ရက်ထိ ကျင်းပတဲ့ အုပ်စု (ခ) ပွဲစဉ်တွေမှာ မြန်မာ အသင်းက မလေးရှား အသင်းကို ၂ ဂိုး ဂိုးမရှိ၊ စင်ကာပူ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိကာ ဗီယက်နမ်နဲ့ ၁ ဂိုးစီ သရေ ကျပြီး ရမှတ် ၇ မှတ်၊ အုပ်စု ပထမနဲ့ အကြို ဗိုလ်လုပွဲ တက်သွားတာပါ။
ဆီမီးဖိုင်နယ်ပွဲစဉ်တွေ အဖြစ်တော့ ဇွန်လ ၄ ရက်နေ့မှာ မြန်မာက တဘက် အုပ်စုက ဖိလစ်ပိုင် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ်ပြီး ဗီယက်နမ်က ထိုင်းအသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ။
အာရှ ယူ-၁၄ ဘောလုံး ပြိုင်ပွဲကို အာရှ ဘောလုံး အဖွဲ့ချုပ်ရဲ့ အစီအစဉ်နဲ့ ဇုန်အလိုက်ခွဲ ကျင်းပနေ တာဖြစ်ပြီး အာဆီယံ ဒေသတွင်း နိုင်ငံတွေက အသင်း ၈ သင်း ဝင်ရောက် ယှဉ်ပြိုင် နေတာပါ။
ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/152930
Labels:
အမျိုးသမီးဘောလုံး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment