
ဇွန် ၂ ရက် ညက ယှဉ်ပြိုင် သွားတဲ့ နိုင်ငံ တကာ ခြေစမ်းပွဲမှာ အင်္ဂလန်က ပေါ်တူဂီကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
ဝင်ဘလေ ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ၃၅ မိနစ်မှာ ပေါ်တူဂီ အသင်းက အဲဗက်စ် ကစားတာ ကြမ်းလို့ အထုတ် ခံရပြီး စောစော စီးစီး တယောက်လျော့နဲ့ ယှဉ်ပြိုင် သွားရပါတယ်။
အင်္ဂလန်က ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ပေမယ့် ထိုးဖောက် ကန်သွင်း ခွင့်တော့ အပြန် အလှန် ရခဲ့ပါတယ်။
တလုံးတည်းသော အနိုင်ဂိုးကို ၈၆ မိနစ်မှာ အင်္ဂလန် နောက်တန်း ကစားသမား စမောလင်းက ခေါင်းတိုက် သွင်းယူပါတယ်။
မန်ယူနောက်တန်းလူ စမောလင်း အတွက်တော့ အင်္ဂလန် အတွက် ၂၅ ပွဲမြောက် ကစားပေးတာ ဖြစ်ပါတယ်။
အင်္ဂလန်က ခြေစမ်းပွဲမှာ စတာလင်၊ ဟယ်ရီကိန်း၊ ဂျက် ၀ီရှိုင်းယားတို့ကို လူစားလဲ အသုံးပြု သွားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/152916





No comments:
Post a Comment