
ဒေးဗစ်ဟိုင်။ (ဓာတ်ပုံ - SWNS)
အင်္ဂလန် ချန်ပီယံရှစ်က လိဒ် ယူနိုက်တက် အသင်းရဲ့ မန်နေဂျင်း ဒါရိုက်တာဟောင်း ဒေးဗစ်ဟိုင်က ယူအေအီးနိုင်ငံ ဒူဘိုင်း အကျဉ်းထောင်မှာ မတော်တရော် ဆက်ဆံ ခံရပြီး အရိုက်ခံ ရတယ်လို့ ပြောပါတယ်။
လိမ်လည်မှု၊ ငွေကြေး မတော် မရော် လုပ်ဆောင်မှု၊ ဆိုင်ဘာ ရာဇ၀တ် မှုတွေနဲ့ အရင်လ အကျဉ်းထောင် ကနေ လွတ်မြောက် လာပြီးတဲ့ နောက်ပိုင်း အကျဉ်းထောင် ထဲမှာ အနိုင်ကျင့် မှုတွေ အမြောက် အမြား ရှိတယ်လို့ သူက ဘီဘီစီ သတင်းကို ပြောပါတယ်။
ဒူဘိုင်းမှာ ၂၃ လ အကျဉ်းကျ ခံရစဉ် လျှပ်စစ် ကိရိယာနဲ့ တို့ထိ ခံရသလို အရိုက်နှက် ခြိမ်းခြောက် ခံရတယ်လို့ ဆိုပါတယ်။
ဒူဘိုင်း အာဏာပိုင်တွေ ကတော့ ဒီစွဲချက်အပေါ် တစုံတရာ မှတ်ချက်ပေး ခဲ့ခြင်း မရှိပါဘူး။
ဒေးဗစ်ဟိုင်ဟာ ၂၀၁၄ ခုနှစ် မေ ၂၄ ရက်မှာ အဖမ်းခံ ခဲ့ရတာ ဖြစ်ပြီး သူကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆို ထားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/143662





No comments:
Post a Comment