
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာက ဧပြီ ၇ ရက်နေ့ နောက်ဆုံး ထုတ်ပြန် လိုက်တဲ့ ကမ္ဘာ့နိုင်ငံ တွေရဲ့ ဘောလုံး အဆင့် သတ်မှတ်ချက်မှာ မြန်မာက အရင်လထက် ပိုမို ဆိုးရွားစွာ အဆင့် ၁၂ ဆင့်ထိ ကျဆင်း သွားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အဆင့် ၅ ဆင့်တက်ပြီး ကမ္ဘာ့အဆင့် ၁၅၃ နေရာမှာ ရပ်တည်နေရာကနေ မတ်လမှာ အဆင့် ၁၅၄ နေရာကို ကျဆင်းသွားကာ ခု ဧပြီလမှာတော့ အဆင့် ၁၆၆ အထိ ဆက်တိုက် ကျဆင်းသွားတာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှ အသင်းတွေထဲမှာ ဖိလစ်ပိုင်က ၁၉ ဆင့်တက်ပြီး ကမ္ဘာ့အဆင့် ၁၁၆၊ ထိုင်းက အဆင့် ၁ ဆင့်ကျသွားပြီး အဆင့် ၁၁၉၊ ဗီယက်နမ်က ၂ ဆင့်တက်ပြီး အဆင့် ၁၄၄၊ စင်ကာပူက အတက်အကျမရှိ အဆင့် ၁၄၈၊ မလေးရှားက ၈ ဆင့်ကျပြီး အဆင့် ၁၇၄၊ ကမ္ဘောဒီးယားနဲ့ လာအိုက အဆင့် ၁၈၂ နဲ့ အင်ဒိုနီးရှားက ၇ ဆင့်ကျပြီး အဆင့် ၁၈၅ မှာ အသီးသီး ရပ်တည်နေပါတယ်။
ကမ္ဘာ့အဆင့် ထိပ်ဆုံး ၅ သင်းထဲမှာကတော့ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ချီလီ၊ ကိုလံဘီယာနဲ့ ဂျာမနီအသင်းတွေက အစဉ်လိုက် ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/143639

No comments:
Post a Comment