မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, April 8, 2016

ရှက်တာဒိုးနပ်စ်နှင့် ဆီဗီးလားတို့ အဝေးကွင်းတွင် အနိုင်ရ (ရုပ်သံဟိုက်လိုက်)




ဧပြီ ၈ ရက်က ကစားသွားတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေမှာတော့ စပိန် လာလီဂါကလပ် ဆီဗီးလားနဲ့ ယူကရိန်းကလပ် ရှက်တာဒိုးနပ်စ်တို့ အနိုင်ရရှိသွားပါတယ်။



ဆီဗီးလားကတော့ စပိန်လာလီဂါကပဲ အက်သလက်တစ်ဘီလ်ဘာအိုကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် ဒုတိယပိုင်း ၄၈ မိနစ်မှာ ဘီလ်ဘာအိုက အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။

ဒါပေမယ့် ၅၆ မိနစ်မှာ ဆီဗီးလားက ပြန်လည်ချေပခဲ့ပြီး ၈၃ မိနစ်မှာ အနိုင်ဂိုး သွင်းယူသွားပါတယ်။



ရှက်တာဒိုးနပ်စ်ကတော့ အဝေးကွင်းမှာ ပေါ်တူဂီကလပ် စပို့တင်း ဘရာဂါကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

ပထမပိုင်း ၄၅ မိနစ်မှာ ရှက်တာဒိုးနပ်စ်က ပထမဂိုး သွင်းယူခဲ့ပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၇၅ မိနစ်မှာ ရှက်တာဒိုးနပ်စ်က ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပြီး ၈၉ မိနစ်မှာတော့ ဘရာဂါက နှစ်သိမ့်ချေပဂိုး ၁ ဂိုး သွင်းယူခဲ့ပါတယ်။

အဝေးကွင်းမှာ ကစားတဲ့ပွဲမှာ ဆီဗီးလားနဲ့ ရှက်တာဒိုးနပ်စ်တို့ အနိုင်ရရှိခဲ့လို့ ဒုတိယအဆင့်ကို တက်ရောက်ဖို့ အခြေအနေ ကောင်းသွားပြီ ဖြစ်ပါတယ်။

By ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/143635


No comments:

Post a Comment