
ဧပြီ ၈ ရက်က ကစားသွားတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် လီဗာပူးနဲ့ ဂျာမန် ဘွန်ဒစ်လီဂါက ဒေါ့မွန်တို့ သရေကျပြီး စပိန် လာလီဂါကလပ် ဗီလာရီးရဲလ်က ချက်ကလပ် စပါတာပရပ်ကို အနိုင်ရသွားပါတယ်။
လီဗာပူးနဲ့ ဒေါ့မွန်တို့ ပွဲစဉ်မှာတော့ ၁ ဂိုးစီ သရေကျသွားပါတယ်။
ဒေါ့မွန်ကွင်းမှာ ကစားရတဲ့ပွဲမှာ လီဗာပူးကစားသမား အိုရီဂီက ပထမပိုင်း ၃၆ မိနစ်မှာ အဖွင့်ဂိုး စတင်သွင်းယူပြီး ပထမပိုင်းကို ဦးဆောင်ခဲ့ပါတယ်။
ဒါပေမယ့် ဒုတိယပိုင်း ၄၈ မိနစ်မှာ ဟမ်းမဲလ်က ဒေါ့မွန်အတွက် ချေပဂိုး သွင်းယူပါတယ်။
ဒီနောက်မှာတော့ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်တော့ဘဲ ပွဲကို အဆုံးသတ်သွားပါတယ်။
ဒေါ့မွန်က ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့်တွေ အသာစီး ရယူနိုင်ခဲ့ပါတယ်။
လီဗာပူးနည်းပြ ကလောပ့်အတွက်တော့ အသင်းဟောင်း ဒေါ့မွန်ကို ပြန်လည်ရင်ဆိုင်ရတဲ့ ပွဲတပွဲလည်း ဖြစ်ခဲ့ပါတယ်။
ဧပြီ ၁၄ ရက်မှာတော့ လီဗာပူးရဲ့ အန်ဖီးလ်ကွင်းမှာ ဒုတိယအကျော့ကို ကစားရမှာ ဖြစ်ပါတယ်။
ဗီလာရီးရဲလ်နဲ့ စပါတာပရပ်တို့ပွဲမှာတော့ ဗီလာရီးရဲလ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ပွဲစပြီး ၃ မိနစ်မှာ ဗီလာရီးရဲလ်က အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့် စပါတာပရပ်တို့က ပထမပိုင်း ပြီးဆုံးခါနီးမှာ ချေပဂိုးသွင်းယူခဲ့လို့ ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။
ဒုတိယပိုင်း ၆၃ မိနစ်မှာ ဗီလာရီးရဲလ်က ဒုတိယဂိုးသွင်းယူပြီး အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
ဘောလုံးပိုင်ဆိုင်မှုကတော့ စပါတာပရပ်က သာပေမယ့် ဗီလာရီးရဲလ်က ဂိုးကန်သွင်းချက်တွေမှာ ပိုမို အသာစီးရရှိထားပါတယ်။
By ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/143626





No comments:
Post a Comment