မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, February 5, 2017

စီရော်နယ်ဒို ၀င်ငွေ အကောင်းဆုံး ကစားသမား အဖြစ် ရပ်တည်




အမေရိကန် စီးပွားရေး မဂ္ဂဇင်း တစ်စောင် ဖြစ်တဲ့ Forbes ကထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ် အတွက် ၀င်ငွေ အများဆုံး ရရှိသည့် အားကစား သမား စာရင်းမှာ ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုက ပေါင် ၇၀.၆သန်းနဲ့ ၀င်ငွေ အကောင်းဆုံး ကစားသမား အဖြစ် ရပ်တည် ခဲ့ပါတယ်။

ဒုတိယနေရာမှာ ဘာစီလို နာတိုက်စစ်မှူး လီ ယွန်နယ်မက်ဆီက ပေါင် ၆၅ သန်းနဲ့ ဒုတိယ ၀င်ငွေ အများဆုံး ရရှိတဲ့ ကစာသမား ဖြစ်ခဲ့ ပါတယ်။

တတိယနေရာမှာ အမေရိကန်ဘက်စ်ကတ်ဘောကစားသမား လီဘရွန်ဂျိမ်းစ်က ပေါင် ၆၁.၉ သန်း နဲ့ ရပ်တည်နေပြီး တင်းနစ်ကစာသမား ရော်ဂျာဖက်ဒရာက ပေါင် ၅၄.၄ သန်းနဲ့ စတုတ္ထ၊ အမေရိ ကန်ဘက်စကတ်ဘောကစားသမား ကီဗင်ဒူရန့်က ပေါင် ၄၅.၁ သန်းနဲ့ ပဉ္စမနေရာတွေမှာ ရပ်တည်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အတွက် ၀င်ငွေအများဆုံးရရှိတဲ့ အားကစားသမား အယောက်၂၀ စာရင်းမှာ ဂေါက် သီးအားကစားသမားတွေဖြစ်တဲ့ တိုက်ဂါးဝုဒ်၊ ဖီးလ်မစ်ကယ်လ်ဆန်၊ ဖော်မြူလာဝမ်း ကောင်းမောင်းသမားတွေဖြစ်တဲ့ ဟာမီတန်၊ ဗက်တဲလ် စတဲ့ ကစား သ မားတွေ ပါဝင်ခဲ့ပါတယ်။

ဘောလုံးအားကစားသမားတွေထဲမှာတော့ စီရော်နယ်ဒိုနဲ့မက်ဆီနှစ်တို့ကလွဲလို့ အခြား ဘော လုံးကစားသမားတွေကတော့ ထိပ်ဆုံး အယောက်၂၀ စာရင်းမှာ မပါဝင်နိုင်ခဲ့ပါဘူး။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/187670

No comments:

Post a Comment