
ဖေဖော်ဝါရီ ၄ ရက် နေ့က ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ တော့တင်ဟမ် ဟော့စပါး အသင်းက မစ်ဒယ် ဘရော့ အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ကပ်ပြီး အနိုင်ရ သွားပါတယ်။
စပါးအတွက် တလုံးတည်းသော အနိုင်ဂိုးကို ၅၈ မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် တိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းယူ ပါတယ်။
ဒီပွဲမှာ စပါးအသင်း ကပဲ စိတ်ကြိုက် ထိန်းချုပ် ကစား သွားပြီး ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရ ခဲ့ပါတယ်။ စပါး အတွက်တော့ အိမ်ကွင်းမှာ ၇ ပွဲ ဆက်တိုက် အနိုင်ရတာ ဖြစ်ပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား ဆုကို စပါးကွင်းလယ်မှာ ခြေစွမ်းပြ ကစားနိုင်တဲ့ ၀မ်ရာမာက ရရှိသွား ပါတယ်။
ဒီပွဲနိုင်လိုက်လို့ စပါးဟာ အမှတ် ၅၀ နဲ့ အဆင့် ၂ နေရာမှာ ရှိနေပြီး ဇယားထိပ်က ချဲလ်ဆီးနဲ့ ၉ မှတ် အကွာကို ရောက်ရှိ သွားပါတယ်။ မယ်ဒယ် ဘရော့ကတော့ ၂၁ မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/187654





No comments:
Post a Comment