မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, April 6, 2017

အာဆင်နယ်က ဝက်စ်ဟမ်းကို ၃ ဂိုးပြတ်ဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)




ဧပြီ ၅ ရက်က ယှဉ်ပြိင် သွားတဲ့ အာဆင်နယ်နဲ့ ဝက်စ်ဟမ်း တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

ရှုံးပွဲနဲ့ သရေ ပွဲတွေ ဆက်နေလို့ ဖိအား ဝင်နေတဲ့ အာဆင်နယ် နည်းပြ အာစင်ဝင်းဂါး အတွက်တော့ ဒီနိုင်ပွဲက အသက်ရှူ aချာင်စေ ခဲ့ပါတယ်။

အာဆင်နယ်ဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင် ရတဲ့ ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှုရော ဂိုးကန်သွင်း ခွင့်တွေမှာပါ အပြတ် အသာစီး ရခဲ့ပါတယ်။

အာဆင်နယ် အတွက် အနိုင်ဂိုးတွေကို ဒုတိယ ပိုင်းကျမှ ရခဲ့တာ ဖြစ်ပြီး ပွဲချိန် ၅၈ မိနစ်မှာ အိုဇေးလ်၊ ၆၈ မိနစ်မှာ ဝေါလ်ကော့နဲ့ ၈၃ မိနစ်မှာ ဂျရူးတို့က သွင်းယူပေးခဲ့တာပါ။

ဒီပွဲအနိုင်ရတဲ့အတွက် အာဆင်နယ်က ရမှတ် ၅၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ ကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး ဝက်စ်ဟမ်းကတော့ ၃၃ မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/199744

No comments:

Post a Comment