မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, April 6, 2017

ချဲလ်ဆီးက မန်စီးတီးကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)




မနေ့ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ရပ်တည် နေတဲ့ ချဲလ်ဆီး အသင်းက မန်စီးတီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ချဲလ်ဆီး အတွက် အဖွင့် ဂိုးကို ပွဲအစ ၁၀ မိနစ်မှာပဲ ဟာဇက်က မန်စီးတီး ဂိုးဧရိယာ အတွင်းက အပြင်း ကန်သွင်းပြီး ရယူပေး ခဲ့ပါတယ်။

မန်စီးတီး အတွက် ချေပဂိုး ကိုတော့ ပွဲချိန် ၂၆ မိနစ်မှာ တိုက်စစ်မှူး အဂွေရိုက ပြန်လည် သွင်းယူပေး ခဲ့ပါတယ်။

မန်စီးတီးဟာ ဒီပွဲကို ချဲလ်ဆီးကွင်းမှာ ယှဉ်ပြိုင်ရပေမယ့် ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကွန်သွင်းခွင့်မှာပါ အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ ချဲလ်ဆီး ပယ်နယ်တီကန်သွင်းခွင့်ရခဲ့ပြီး ဟာဇက်ကန်သွင်းခဲ့ရာ မန်စီးတီးဂိုးသမား ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ဘောလုံးကို ဟာဇက်ကပဲ ထပ်မံပိတ်သွင်းပြီး အနိုင်ဂိုး ရယူသွားခဲ့တာပါ။

ချဲလ်ဆီးအတွက် အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းယူပေးခဲ့တဲ့ ဟာဇက်ကို ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒီပွဲအနိုင်ရတဲ့အတွက် ချဲလ်ဆီးအသင်းဟာ ရမှတ် ၇၂ မှတ်နဲ့ ဒုတိယနေရာက စပါးစ်ကို ၇ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ဦးဆောင်ထားနိုင်ပါတယ်။

မန်စီးတီးကတော့ ၅၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ မှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/199735

No comments:

Post a Comment