မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, April 5, 2017

လီဗာပူးတိုက်စစ်မှူး မာနေး ဒူးဒဏ်ရာကြောင့် ဘုန်းမောက်နှင့်ပွဲ လွဲချော်မည်




အသက် ၂၄ နှစ် အရွယ် လီဗာပူး တိုက်စစ်မှူး မာနေးဟာ ဧပြီ ၁ ရက်နေ့က အဲဗာတန်ကို အနိုင်ရတဲ့ ပွဲစဉ်မှာ ဒူးဒဏ်ရာ ရခဲ့ပါတယ်။

ဒီဒဏ်ရာကြောင့် မာနေးဟာ ဒီကနေ့ည ကစားမယ့် ဘုန်းမောက်နဲ့ ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။

ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူးဟာ ပေါင် ၃၄ သန်းနဲ့ ဆောက်သမ်တန် ကနေ ပြီးခဲ့တဲ့နှစ်မှာ ရောက်ရှိ လာပြီး လီဗာပူး အတွက် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပါတယ်။

လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်ကတော့ သူ့ဒဏ်ရာအခြေအနေကို သေချာမသိရသေးတဲ့အတွက် စောင့်ကြည့်ဖို့လိုတယ်လို့ ပြောပါတယ်။

မာနေးရဲ့ဒဏ်ရာက ရာသီကုန်အထိ နားရနိုင်သလားဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကိုတော့ လီဗာပူးနည်းပြက ကံမကောင်းရင်တော့ ရာသီကုန်အထိ နားရနိုင်တယ်လို့ ပြောဆိုသွားပါတယ်။

ဒါပေမယ့်လည်း ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ တိုက်စစ်မှူး စတာရစ်ခ်ျကတော့ လီဗာပူးအတွက် ပြန်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/199557

No comments:

Post a Comment