
ထိပ်ဆုံး ၄ သင်း စာရင်း ဝင်ဖို့ မလွယ် ကူတော့ ဘူးလို့ အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးက ဝန်ခံ ပြောကြား လိုက်ပါတယ်။
အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ဘောလုံး ရာသီ ၂၀ ဆက်တိုက် ထိပ်ဆုံး ၄ သင်း စာရင်း ဝင်ခဲ့ တာကြောင့် ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားခွင့် ရခဲ့ပါတယ်။
ဒီနှစ်ဘောလုံး ရာသီ မှာတော့ ထိပ်ဆုံး ၄ သင်း စာရင်း ဝင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့က စိန်ခေါ်မှု တခုဖြစ်တယ်လို့ အာစင်ဝင်းဂါးက ဆိုပါတယ်။
ပွဲစဉ် ၂၈ ပွဲကစားအပြီးမှာ အာဆင်နယ်အသင်းက အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက မန်စီးတီးထက် ၁ ပွဲလေျာ့ကစားထားပြီး ၇ မှတ် ကွာဟနေပါတယ်။
အာဆင်နယ်အသင်းဟာ ကြားရက်မှာကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ မှာ ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒဏ်ရာကြောင့် အသင်းခေါင်းဆောင် ကိုစီယယ်နီ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/199557

No comments:
Post a Comment