
မနေ့ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီယားလိဂ် ပွဲစဉ်မှာ မန်ယူက အိမ်ကွင်းမှာ အဲဗာတန်ကို နောက်ကနေ လိုက် ကစားပြီးမှ ၁ ဂိုးစီ သရေကျ ခဲ့ပါတယ်။
အခု ပွဲစဉ်ဟာ မန်ယူ အတွက် ပရီးမီးယားလိဂ်မှာ ၁၂ ပွဲမြောက် သရေ ကျတဲ့ ပွဲလည်း ဖြစ်ပါတယ်။
အဲဗာတန်အတွက် ဦးဆောင်ဂိုးကို ၂၂ မိနစ်မှာ ဂျာဂယ်ကာက မန်ယူနောက်ခံလူ ကပ်ထားတဲ့ ကြားကနေ သွင်းယူပါတယ်။
မန်ယူက ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။
မိနစ် ၉၀ ပွဲမှာ အဲဗာတန်က ၀ီလျံ လက်ထိဘောဖြစ်ပြီး အထုတ်ခံရသလို ပင်နယ်တီပါ ပေးလိုက်ရပါတယ်။
အဲဒီပင်နယ်တီကို တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက သွင်းယူပါတယ်။
ဒီပွဲသရေကျလို့ မန်ယူရဲ့ အဆင့် ၄ ဝင်ရေး မျှော်လင့်ချက်တွေ ထိခိုက်သွားရပါတယ်။
လောလောဆယ် မန်ယူက ၅၄ မှတ်နဲ့ အမှတ်ပေးဇယားမှာ အဆင့် ၅၊ အဲဗာတန်က ၅၁ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/199538

No comments:
Post a Comment