
မန်ယူ နောက်ခံလူ လုခ်ရှောရဲ့ ခြေစွမ်းနဲ့ ကြိုးစားမှုကို နည်းပြ မော်ရင်ဟိုက ဝေဖန် ပြောကြား လိုက်ပါတယ်။
မန်ယူ ဘယ်နောက်ခံ လူနေရာမှာ ဒါမီယန်၊ အက်ရှ် လေယန်းနဲ့ ဘလင်းတို့လည်း ကစား နေတာပါ။
လုခ်ရှောရဲ့ လေ့ကျင့်ပုံ၊ ခြေစွမ်းနဲ့ ရည်မှန်း ချက်တွေဟာ သူတို့ရဲ့ခြေစွမ်းနဲ့ နှိုင်းယှဉ်လို့ မရဘဲ သူတို့နောက်မှာ ကျန်ခဲ့ပြီ ဖြစ်တယ်လို့ နည်းပြ မော်ရင်ဟိုက ဝေဖန်ပြောကြား လိုက်တာပါ။
အသက် ၂၁ နှစ်အရွယ်ရှိ လုခ်ရှောဟာ ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည် အနားယူခဲ့ရသူဖြစ်ပြီး ဒဏ်ရာက ပြန်လည်ကောင်းမွန်လာတဲ့ အချိန်မှာလည်း မန်ယူအသင်းမှာ ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေရပါတယ်။
ဒီနှစ် ဘောလုံးရာသီမှာ မန်ယူအတွက် ပရီးမီးယားလိဂ် ၅ ပွဲပဲ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ လက်ရှိအချိန်ထိ ၁ ပွဲပဲ ပါဝင်ကစားခွင့်ရထားတာပါ။
လုခ်ရှောကို အင်္ဂလန်လက်ရွေးစင်အသင်းက ရွေးချယ်ထားပေမယ့် ပွဲထွက်ဂိုးသမား ဂျိုးဟတ်ဟာလည်းပဲ လက်ရွေးစင်ဖြစ်ပေမယ့် အီတလီမှာ အငှားသွားကစားနေရတယ်လို့ နည်းပြမော်ရင်ဟိုက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် လုခ်ရှောအနေနဲ့ လာမယ့်အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာရဖို့လည်း ရှိနေတယ်လို့ ဗြိတိန်သတင်းစာတွေမှာ ဖော်ပြကြပါတယ်။
အင်္ဂလန်ကစားသမားလုခ်ရှောဟာ ၂၀၁၄ ခုနှစ်က ဆောက်သမ်တန်အသင်းကနေ ပေါင် ၃၂ သန်းနဲ့ မန်ယူအသင်းဆီ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/199338

No comments:
Post a Comment