
ဧပြီ ၃ ရက် ညနေ ပိုင်းက ဗီယက်နမ် နိုင်ငံမှာ ကစားခဲ့တဲ့ အမျိုးသမီး အာရှ ဖလား ခြေစစ်ပွဲ အုပ်စု အဖွင့် ပွဲစဉ်မှာ မြန်မာ အသင်းက အီရန် အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ခဲ့ပါတယ်။
မြန်မာ အမျိုးသမီး အသင်းဟာ အဓိက ကစားသမား ၃ ဦးလောက်ကို အနားပေးပြီး ကစား ခဲ့တာပါ။
ပထမပိုင်း ၄ မိနစ်မှာပဲ ဂျူလိုင်ကျော်က မြန်မာ အသင်း အတွက် ဦးဆောင်ဂိုး စတင် သွင်းယူပါတယ်။
အီရန် အသင်းကတော့ ခံစစ်ကို အားပြု ကစား ခဲ့ပေမယ့် မြန်မာအသင်း ကပဲ ဂိုးသွင်းခွင့်တွေ ရခဲ့ပြီး ပထမပိုင်း ပြီးခါနီးမှာ ဝင်းသိင်္ဂီထွန်းက မြန်မာအသင်း အတွက် ဒုတိယဂိုး သွင်းယူပေး ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မြန်မာ အသင်းက အသင်းခေါင်းဆောင် ခင်မာလာထွန်းနဲ့ မေသူကျော်ကို လူစားလဲ အနားပေးပြီး ခင်သန်းဝေနဲ့ ရီရီဦးတို့ ဝင်ကစားခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း မြန်မာအသင်းကပဲ ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် အဆုံးသတ် မကောင်းခဲ့လို့ ၂ ဂိုး ဂိုးမရှိနဲ့ပဲ ပွဲပြီးခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ လာမယ့် ဧပြီ ၇ ရက်မှာ ဆီရီးယားအသင်းနဲ့ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဆက်လက်ကစားမှာပါ။
မြန်မာအသင်းပါဝင်တဲ့ အုပ်စု ဒီ မှာ အိမ်ရှင်ဗီယက်နမ်နဲ့အတူ ဆီးရီးယား၊ စင်ကာပူအသင်းတို့ ပါဝင်နေပါတယ်။
အုပ်စုပတ်လည်ကစားအပြီးမှာ အုပ်စုပထမရတဲ့ အသင်းတသင်းပဲ ဂျော်ဒန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၈ အာရှဖလားပြိုင်ပွဲ ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ – အမ်အက်ဖ်အက်ဖ်
From : ဒီဗွီဘီ by လွှမ်းမိုးအောင်
Originally published at - http://burmese.dvb.no/archives/199299

No comments:
Post a Comment