
မနေ့ညက စပိန်လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာက ဂရန်နာဒါကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဘာစီလိုနာ အတွက် ဦးဆောင် ဂိုးကို ၄၄ မိနစ်မှာ တိုက်စစ်မှူး ဆွာရက်က သွင်းယူပါတယ်။
အိမ်ရှင် ဂရန်နာဒါ အတွက် ချေပဂိုးကို မိနစ် ၅၀ မှာ ပြန်လည် သွင်းယူ ပါတယ်။
ဂရန်နာဒါ အသင်းဟာ တန်းဆင်းဇုံ ထဲမှာ ရုန်းကန်နေရတဲ့ အသင်းလည်း ဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းမှာ တိုက်စစ်မှူး မက်ဆီ ပွဲပယ်ခံ ထားရတဲ့ အတွက် ပါဝင်ခြင်း မရှိပါဘူး။
ဒီပွဲမှာ ဘာစီလိုနာကပဲ တဘက်သတ် ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူပြီး ကစားနိုင် ခဲ့ပါတယ်။
ဘာစီလိုနာအတွက် ဒုတိယဂိုးကို ၆၄ မိနစ်မှာ အယ်ခေဆာက သွင်းယူပါတယ်။
ဒီပွဲမှာ ဘာစီလိုနာက ထိုးဖောက်ကန်သွင်းခွင့် ၂၆ ကြိမ်အထိ ရခဲ့ပါတယ်။
ပွဲကစားချိန် ၈၂ မိနစ်မှာ ဂရန်နာဒါ ကစားသမားတဦး ဖျက်တာကြမ်းလို့ အထုတ်ခံလိုက်ရပါတယ်။
ဘာကာအတွက် တတိယဂိုးကို ၈၃ မိနစ် ရာကီတစ်၊ အပိတ်ဂိုးကို အချိန်ပို ၉၁ မိနစ်မှာ တိုက်စစ်မှူး နေမာက သွင်းယူပါတယ်။
ဒီပွဲနိုင်လို့ ဘာစီလိုနာက ၆၆ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က တပွဲလျော့ ကစားထားတဲ့ ရီရဲလ်မက်ဒရစ်ရဲ့ နောက် ၂ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/199131

No comments:
Post a Comment