မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, April 3, 2017

အာဆင်နယ်နှင့် မန်စီးတီး ၂ ဂိုးစီသရေကျ (ရုပ်သံဟိုက်လိုက်)




မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းကြီးတွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ ၂ ဂိုးစီ သရေကျ သွားပါတယ်။

မန်စီးတီးက ပွဲအစ ၅ မိနစ်မှာ ဆာနေသွင်းတဲ့ ဂိုးနဲ့ ဦးဆောင်နိုင် ခဲ့ပါတယ်။

အိမ်ရှင် အာဆင်နယ် အတွက် ချေပဂိုးကို မိနစ် ၄၀ မှာ ဝေါလ်ကော့က သွင်းယူပါတယ်။

အာဆင်နယ်ဟာ ဒီပွဲမှာ နောက်ကနေ လိုက်ကစားပြီးမှ သရေ တစ်မှတ် ရယူနိုင် ခဲ့တာပါ။

မန်စီးတီး အတွက် ဦးဆောင်ဂိုးကို ၄၂ မိနစ်မှာ တိုက်စစ်မှူး အဂူရိုက သွင်းယူပါတယ်။

ဒီပွဲမှာ မန်စီးတီးက အဝေးကွင်းဖြစ်ပေမယ့် ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့် တွေလည်း ပိုရခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက် ချေပဂိုးကို ၅၃ မိနစ်မှာ မူစတာဖီက သွင်းယူပါတယ်။

ဒီပွဲသရေကျလို့ မန်စီးတီးက ၅၈ မှတ်နဲ့ အဆင့် ၄ မှာ ရပ်တည်နေပြီး အာဆင်နယ်က ၅၁ မှတ်နဲ့ အဆင့် ၆ မှာ ရှိနေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/199117

No comments:

Post a Comment