
ဧဒင်ဘာ့ဂ် − လီဗာပူး နည်းပြ ဟောင်း ဘရန်ဒန် ရော်ဂျာ ကိုင်တွယ် နေသည့် ဆဲလ်တစ် အသင်း သည် ပြိုင်ပွဲ ပြီးဆုံးရန် ရှစ်ပွဲ အလို တွင် ရှုံးပွဲ မရှိသေးဘဲ ဒုတိယနေရာရှိ အဘာဒိန်း အသင်းကို ၂၅ မှတ် ဖြတ်ထား နိုင်သဖြင့် စကော့တ လန်ပရီးမီးယားရှစ် ဖလား ရရှိသွား ပြီဖြစ်သည်။
စကော့ဆင့် ကလဲယား၏ ဟက်ထရစ်ဂိုးနှင့် အတူ ဆဲလ်တစ်က ဟတ်စ် အသင်းကို ၅-၀ ဂိုးဖြင့် အနိုင်ရပြီးနောက် စကော့တလန် ပရီးမီးယားရှစ် ဖလားကို ခြောက်ရာသီ ဆက်တိုက် သိမ်း ပိုက်နိုင် ခဲ့သည်။
ယင်းနိုင်ပွဲသည် ဆဲလ်တစ်၏ လိဂ်ပွဲ ၃၀ တွင် ၂၈ ပွဲမြောက်နိုင် ပွဲဖြစ်ပြီး စုစုပေါင်း ၈၆ မှတ်ရရှိထားကာ ဒုတိယနေရာရှိ အ ဘာဒိန်းကို ၂၅ မှတ်ဖြတ်ထားနိုင် သဖြင့် လိုက်မီရန် မဖြစ်နိုင်တော့ ပေ။
လီဗာပူး နည်းပြဟောင်း ရော်ဂျာသည် ပထမဆုံးရာသီမှာ ပင် စကော့တလန်ဖလားရခဲ့ပြီး ၎င်းသည် ယခင်ကလည်း ဖလားတစ်ကြိမ်ရရှိခဲ့သည်။
ဆဲလ်တစ် အသင်းသည် ဖလားသုံးလုံးရနိုင်သည့် လမ်း ကြောင်းပေါ်တွင် ရှိဆဲဖြစ်ကာ ပြီးခဲ့သည့်ရာသီက ၎င်းတို့အနိုင်ရ ခဲ့သော ရိန်းဂျား အသင်းနှင့် စကော့တလန် ဖလား ဆီမီးဖိုင်နယ်၌ ရင်ဆိုင်ရမည်ဖြစ်သည်။ လိဂ်ဖလားတွင်လည်း အဘာဒိန်းနှင့် နိုဝင်ဘာတွင် ဗိုလ်လုပွဲရင်ဆိုင်ရမည် ဖြစ်သည်။
ရော်ဂျာသည် ၂၀၁၄ က လီဗာပူးတွင် တစ်နှစ်တာအ ကောင်းဆုံးနည်းပြဆု ရခဲ့သော် လည်း ၁၂ လအကြာတွင် ထုတ် ပယ်ခံခဲ့ရသည်။
ရော်ဂျာသည် မိမိတို့ကစား သမားများကို တစ်ဦးချင်းစီ ကိုင် တွယ်နိုင်သော နည်းပြဖြစ်ပြီး ကစားသမားများအတွက် ယုံ ကြည်မှု ပြည့်ဝစေနိုင်သော နည်း ပြဖြစ်သည်ဟု လီဗာပူးအသင်း ခေါင်းဆောင်ဟောင်း ဂျရတ်က ပြောသည်။
ဆဲလ်တစ်သည် စကော့တ လန်ပရီးမီးယားရှစ်တွင် ၃၈ ပွဲ စလုံး ရှုံးပွဲမရှိ ပထမဆုံးအသင်း ဖြစ်လာနိုင်ခြေရှိနေသည်။
—Ref:GOAL
From : 7 Day Daily News
Originally published at - http://www.7daydaily.com/story/93325

No comments:
Post a Comment