![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikgJCXx47bARczDelTm5jextRasoSHhOW-WqNHwMlQrKe2gVyd0qsGhprS2ArPLnagnqdY_ZbipAXSA3NLzfWxEQLnJQXN23_WM74gZxtSFQX5cg6x2L6IE9icZqz4iQDzDQmzLRGbe6ER/s1600/17757760.jpg)
အာရှ အမျိုးသား ယူ-၁၉ ချန်ပီယံရှစ် ဘော်လီဘော ပြိုင်ပွဲ ဒုတိယ အဆင့် အုပ်စု ပတ်လည် နောက်ဆုံး ပွဲတွင် အိမ်ရှင် မြန်မာ အသင်းက ဂျပန် အသင်းကို သုံးပွဲပြတ်ဖြင့် ရှုံးနိမ့် ခဲ့သည်။
ဧပြီ ၂ ရက်က ၀ဏ္ဏသိဒ္ဓိ အားကစားရုံ (B) တွင် ယှဉ်ပြိုင် ခဲ့သည့် ယင်းပွဲ၌ ဂျပန် အသင်းက မြန်မာ အသင်းကို ဖိအားပေး ကစားကာ ရမှတ် ၂၅-၁၅၊ ၂၅-၉၊ ၂၅-၁၅ ဖြင့် သုံးပွဲပြတ် အနိုင် ရရှိခဲ့သည်။
ဧပြီ ၁ ရက်က ယှဉ် ပြိုင်ခဲ့သည့် ဒုတိယအဆင့်ပထမ ပွဲတွင် မြန်မာအသင်းက ထိုင်းအ သင်းကို သုံးပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့ သည်။
ထို့ကြောင့် နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့သည့် မြန်မာအသင်းသည် ဧပြီ ၃ ရက်တွင် ကျင်းပမည့် ကွာတားဖိုင်နယ်အဆင့်၌ တောင် ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။
အခြားကွာတားအဆင့်ပွဲစဉ် များအဖြစ် ဂျပန်နှင့် တိုင်ပေ၊ ထိုင်းနှင့် အီရန်၊ တရုတ်နှင့် သြစတြေးလျအသင်းတို့ ယှဉ်ပြိုင် ကြမည်ဖြစ်သည်။
ယင်းပြိုင်ပွဲအုပ်စု(က)တွင် ပါဝင်သည့် အိမ်ရှင်မြန်မာအသင်းသည် အုပ်စုအဆင့်တွင် ဟောင်ကောင်နှင့် သြစတြေးလျအသင်းတို့ကို အနိုင်ယူကာ အုပ်စုပထမနေရာဖြင့် ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း ဒုတိယအဆင့် အုပ်စုပတ်လည်ပွဲစဉ်နှစ်ပွဲတွင် နိုင်ပွဲမရရှိခဲ့ပေ။
(၁၁)ကြိမ်မြောက် အာရှအ မျိုးသားယူ-၁၉ ချန်ပီယံရှစ် ဘော်လီဘောပြိုင်ပွဲ ပွဲစဉ်များကို ဧပြီ ၅ ရက်အထိ ၀ဏ္ဏသိဒ္ဓိအားကစားရုံ (B) နှင့် (C)တို့တွင် ကျင်းပ နေပြီး ၀င်ကြေးအခမဲ့ဖြင့် ကြည့်ရှုနိုင်သည်။
From : 7 Day Daily News - By: ပိုင်စိုးသူ
Originally published at - http://www.7daydaily.com/story/93343
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM02BXHL6ric3DxpfR284LSvhh9zaNKNREKFttDesEmky-SiYQy22s_Qm3cqQIchKykffGGLC40EUKRdyRSV4An9LFbDkXuS9_NhMze9EQ2OxClXKIZYZQRn_AyVlecChxT8eJQNYpJn1F/s1600/Thanks-2.gif)
No comments:
Post a Comment