မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, February 5, 2017

ချဲလ်ဆီးက အာဆင်နယ်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူ




ဖေဖော်ဝါရီ ၄ ရက်နေ့ ညက အစောဆုံး ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးက အာဆင်နယ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ချဲလ်ဆီးဟာ အိမ်ကွင်း ပရိသတ်တွေ aရှ့မှာ သက်သောင့် သက်သာနဲ့ပဲ အနိုင်ရ သွားပါတယ်။ ဦးဆောင်ဂိုးကို ပွဲအစ ၁၃ မိနစ်မှာ အလွန်ဆိုက သွင်းယူ ပါတယ်။

နှစ်သင်းလုံး ဒီပွဲမှာ လူစုံထုတ် ယှဉ်ပြိုင်သွားပြီး ချဲလ်ဆီးက ၃-၄-၃၊ အာစင်နယ်က ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက် လာတာပါ။ အာဆင်နယ်က ဘောလုံး ပိုင်ဆိုင်မှု သာပေမယ့် ထိုးဖောက် ကန်သွင်းခွင့်ကတော့ အပြန် အလှန် ရခဲ့ပါတယ်။

ချဲလ်ဆီးအတွက် ဒုတိယဂိုးကို ၅၃ မိနစ်မှာ တိုက်စစ်မှူး ဟာဇက်က သွင်းယူပါတယ်။ နောက်ဆုံးဂိုးကို ၈၅ မိနစ်မှာ ကွင်းလယ်သမား ဖာဘရီဂတ်စ်က သွင်းယူပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာတုန်းက အာဆင်နယ်ကို ၃ ဂိုးပြတ်နဲ့ အရှုံးပေးလိုက်ရတဲ့ ရှုံးကြွေးကို ဒီပွဲမှာ ပြတ်ဆပ်နိုင်ခဲ့ပါတယ်။

ဒီပွဲနိုင်လို့ ချဲလ်ဆီးဟာ အမှတ်ပေးဇယားထိပ်မှာ ၅၉ မှတ်နဲ့ ဦးဆောင်နေပြီး အာဆင်နယ်က ၄၇ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/187634

No comments:

Post a Comment