Friday, February 3, 2017
မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် သုံးမျိုးစုံ ပြိုင်ပွဲ (Triathlon) ကျင်းပမည်
မြန်မာ နိုင်ငံမှာ ပထမဆုံး အကြိမ် ကျင်းပမယ့် သုံးမျိုးစုံ ပြိုင်ပွဲ (Triathlon) ကို လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်မှာ စတင် ကျင်းပ သွားမှာ ဖြစ်ပါတယ်။
သုံးမျိုးစုံ အားကစား ပြိုင်ပွဲမှာ တောင်တက် စက်ဘီးစီး ပြိုင်ပွဲ ၄၁ ကီလိုမီတာ၊ ရေကူး ပြိုင်ပွဲ ၈၀၀ မီတာနဲ့ အပြေး ပြိုင်ပွဲ ၁၀ ကီလိုမီတာ ပြိုင်ပွဲ သုံးမျိုး ယှဉ်ပြိုင် ရမှာဖြစ်ပြီး လှည်းကူး မြို့နယ်နဲ့ မှော်ဘီ မြို့နယ် ကြားမှာရှိတဲ့ ငါးဆူတာင်နဲ့ ကလိတောဆည် တို့မှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ အိမ်ရှင်မြန်မာနိုင်ငံ အပါအ၀င် ဂျာမနီ၊ သြစတြေးလျ၊ အမေရိကန်၊ ဂျပန်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ပြင်သစ်၊ ဒိန်းမတ်၊ အင်္ဂလန် စတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံက ကစား သမား စုစုပေါင်း ၅၀ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက သုံးမျိုးစုံအားကစားလက်ရွေးစင် ၅ ဦးအပါအဝင် စုစုပေါင်း ၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အခြားနိုင်ငံတွေက ကစားသမား ၃၀ ဦး ပါဝင်မှာဖြစ်တယ်လို့ ပြိုင်ပွဲဦးဆောင်ကျင်းပမယ့် My Pay ကုမ္ပဏီက CEO တင်ရှက်ဖ်မန်းက ပြောပါတယ်။
ဒီပြိုင်ပွဲမှာ ပထမဆုရတဲ့ ကစားသမားကို အမေရိကန်ဒေါ်လာ ၁၅၀၊ ဒုတိယ ၇၅ ဒေါ်လာ၊ တတိယ ၃၅ ဒေါ်လာ ချီးမြှင့်မှာဖြစ်ပြီး မြန်မာနိုင်ငံမှာ သုံးမျိုးစုံ အားကစား ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ကစားသမားတွေ စိတ်ပျော် ရွှင်စေဖို့ ရည်ရွယ် ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။
စက်ဘီးစီး၊ ရေကူး၊ အပြေးပြိုင်ပွဲတွေ ပါဝင်တဲ့ သုံးမျိုးစုံအားကစားပြိုင်ပွဲဟာ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ထည့်သွင်းကျင်းပနေတဲ့ အိုလံပစ်အားကစားနည်းတခုဖြစ်ပြီး လာမယ့် မလေးရှားဆီးဂိမ်းပြိုင်ပွဲမှာလည်း ထည့်သွင်းကျင်းပမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ by လွှမ်းမိုးအောင်
Originally published at - http://burmese.dvb.no/archives/187320
Labels:
Triathlon
Subscribe to:
Post Comments (Atom)
No comments:
Post a Comment