
ချဲလ်ဆီး နည်းပြ ကွန်တီဟာ ဆောင်းရာသီ အပြောင်း အရွှေ့ဈေးကွက်မှာ ကစားသမား တဦးမှ ခေါ်ယူခြင်း မရှိခဲ့ aပမယ့် လာမယ့် နွေရာသီ အပြောင်း အရွှေ့ဈေးကွက် မှာတော့ ကစား သမား ၃ ဦးထိ ခေါ်ယူဖို့ ပစ်မှတ် ထားနေ ပါတယ်။
ဆောက်သမ်တန် အသင်းက ဗန်ဒီဂျစ်၊ ရီးရဲယ် တိုက်စစ်မှူး အဲလ်ဗာရိုမိုရာတာနဲ့ ဆဲလ်တစ် တိုက်စစ်မှူး ဒမ်ဘီလီတို့ကို ခေါ်ယူဖို့ ရှိတယ်လို့ နည်းပြ ကွန်တီက ဆိုလိုက် ပါတယ်။
လက်ရှိ အချိန်မှာ ချဲလ်ဆီး အသင်းအနေနဲ့ အော်စကာ၊ အိုင်ဗန်နိုဗစ်၊ မီခေးလ် အစရှိတဲ့ ကစားသမားတွေ ရောင်းထုတ် အပြီးမှာ တော့က စားသမား သစ်တွေ ခေါ် ယူဖို့ ပြင်ဆင်နေတာပါ။
ချဲလ်ဆီးအသင်းဟာ ဗန်ဒီဂျစ်ကို အဓိကနောက်ခံလူ နေရာအတွက် ရာသီအကုန်မှာ အရခေါ်ယူ လိုနေပြီးတော့ တိုက်စစ်မှူး ဒီယေဂိုကော်စတာရဲ့ အနာဂတ်ဟာလည်း မတည်ငြိမ်တဲ့ အတွက် ရီးရဲလ် တိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့ ရှိနေတာပါ။
ဘတ်ရှူရာရီရဲ့ခြေစွမ်းဟာလည်း တည်ငြိမ်မှုမရှိသေးတာကြောင့် ဆဲလ်တစ်မှာခြေစွမ်းပြနေတဲ့ မိုဆာဒမ်ဘီလီကို ခေါ်ယူလိုနေတာလည်း ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/187316

No comments:
Post a Comment