မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, February 5, 2017

ဘာစီလိုနာ အသင်းတွင် ဖရီးကစ် သွင်းဂိုး အများဆုံး ကစားသမား အဖြစ် မက်ဆီ စံချိန်သစ် တင်


ဖေဖော်ဝါရီ ၅၊ စပိန် ဘာစီလိုနာ အသင်းက ဘီလ်ဘာအို အသင်းကို ၃-၀ ဂိုးဖြင့် အနိုင် ရခဲ့သည့် ပွဲတွင် မက်ဆီသည် ပြစ်ဒဏ်ဘောမှ သွင်းဂိုး တစ်ဂိုး သွင်းယူပေး ခဲ့သည့် အတွက် ဘာစီလိုနာ အသင်း၏ သမိုင်းတွင် ဖရီးကစ်မှ ဂိုးအများဆုံး သွင်းယူနိုင်သည့် ကစားသမား အဖြစ် စံချိန်သစ် တင်နိုင် ခဲ့သည်။ ထိုပွဲစဉ်တွင် ဘာစီလိုနာ အသင်း အတွက် အနိုင်ဂိုး များကို အယ်လ်ကာဆာ၊ မက်ဆီနှင့် ဗီဒယ်တို့က သွင်းယူပေး ခဲ့ကြသည်။ မက်ဆီသည် ဘာစီလိုနာ နောက်ခံ ကစား သမားဟောင်း ရော်နယ် ကိုးလ်မန်း၏ ဖရီးကစ် ဂိုးသွင်း အများဆုံး စံချိန်ကို ဖြတ်ကျော်နိုင် ခဲ့ခြင်းဖြစ်သည်။ ယခင်က ကိုးလ်မန်းမှာ ဖရီးကစ်မှ သွင်းဂိုး ၂၆ ဂိုး အထိ သွင်းယူ ထားနိုင်ပြီး ယခု မက်ဆီ သွင်းယူသော ဂိုးမှာ ၎င်း၏ ၂၇ ဂိုးမြောက် ဖရီးကစ် သွင်းဂိုး ဖြစ်သည်။ လက်ရှိတွင် အဲဗာတန် နည်းပြ အဖြစ် တာဝန် ထမ်းဆောင် နေသည့် ရော်နယ် ကိုးလ်မန်းက ၎င်း၏ စံချိန်ကို ချိုးဖျက်နိုင် ခဲ့သည့် မက်ဆီအတွက် ဂုဏ်ယူကြောင်း လူမှု ကွန်ယက် စာမျက်နှာမှ တစ်ဆင့် ချီးကျူး ရေးသား ခဲ့သည်။ From : မဇ္ဈိမ မီဒီယာ - by : အောင်ငြိမ်းသွေး Originally published at - http://mizzimaburmese.com/article/23190

No comments:

Post a Comment