မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, January 18, 2017

MNL-2 ပြိုင်ပွဲတွင် ဖုန်ဂန်နှင့် တက္ကသိုလ်အသင်း နိုင်ပွဲ စတင်ရရှိ




ရန်ကုန် ဇန်နဝါရီ ၁၇

၂ဝ၁၇ ရာသီ MNL-2 ပထမတန်း အမှတ်ပေး ပြိုင်ပွဲ ပွဲစဉ် (၁) ပထမ နေ့ကို ယနေ့ ညနေ ပိုင်းက အောင်ဆန်းကွင်း နှင့် ပဒုမ္မာကွင်း၌ စတင် ကျင်းပရာ ဖုန်ဂန်နှင့် တက္ကသိုလ် လက်ရွေးစင် အသင်းတို့ နိုင်ပွဲများ ရရှိခဲ့သည်။

အောင်ဆန်းကွင်း၌ ကျင်းပသည့် ပွဲတွင် ဖုန်ဂန် အသင်းက မောရဝတီ အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရ ခဲ့သည်။ ခြေစွမ်းအရ ကွာခြားမှု မရှိသော်လည်း အဆုံးသတ် ဂိုးသွင်းသေချာ ခဲ့သည့် ဖုန်ဂန် အသင်းက အနိုင်ရ ခဲ့ခြင်း ဖြစ်သည်။

ဖုန်ဂန်အသင်းအတွက် အနိုင်ဂိုးများကို ၂၉ မိနစ်တွင် စိုးမြတ်သူ၊ ၆၄ မိနစ်တွင် နိုင်နိုင်လင်း တို့က သွင်းယူ ခဲ့သည်။

နှစ်သင်းစလုံးတွင် နိုင်ငံခြားသား ကစားသမားများ ပါဝင်ခဲ့ပြီး မောရဝတီ အသင်းမှာ နိုင်ငံခြား သား ကစားသမား သုံးဦးစလုံး ထည့်သွင်း ကစားခဲ့သော်လည်း ရလဒ်ကောင်း ရအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။

ပဒုမ္မာကွင်း၌ကျင်းပသည့်ပွဲတွင် တက္ကသိုလ်လက်ရွေးစင်အသင်းက ငွေကြယ်ပွင့်လေးများအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

တက္ကသိုလ်လက်ရွေးစင်အသင်းအတွက် အနိုင်ဂိုးများကို ၁၃ မိနစ်တွင် အောင်သန့်ဇော်၊ မိနစ် ၆ဝ တွင် ခိုင်ရဲဝင်းတို့က သွင်းယူပေးခဲ့သည်။ မူလက ပထမနေ့တွင် သုံးပွဲကျင်းပရန် စီစဉ်ထားသော်လည်း သုဝ္ဏကွင်း၌ကျင်းပမည့် စီးတီးစတားအသင်းနှင့် သန်လျင်ယူနိုက်တက်အသင်းတို့ ပွဲကို ဇန်နဝါရီ ၂ဝ ရက်သို့ ရွှေ့ဆိုင်း ခဲ့သောကြောင့် နှစ်ပွဲသာ ကျင်းပခဲ့သည်။

ပွဲစဉ်(၁) ဒုတိယနေ့ကို ဇန်နဝါရီ ၁၈ ရက် (ယနေ့) ညနေ ၄ နာရီတွင် အောင်ဆန်းကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြဝတီအသင်းနှင့် ဒဂုံအသင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-အောင်ဇေ

From : Myanmaalinn

Originally published at - https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment