
မန်ယူ အသင်းဟာ နောက်တန်း ကစားသမား ဗလန် စီယာကို ၁ နှစ် စာချုပ် သက်တမ်း တိုးလိုက် ပါတယ်။
စာချုပ် သစ်ကြောင့် ဗလန်စီယာဟာ မန်ယူမှာ ၂၀၁၈ အထိ ရှိနေမှာ ဖြစ်ပါတယ်။
အသက် ၃၁ နှစ် အရွယ် အီကွေဒေါ လက်ရွေးစင် ကစားသမားကို မန်ယူက ၂၀၀၉ ခုနှစ်က ဝီဂန် အသင်းကနေ ခေါ်ယူ ခဲ့တာပါ။
ဗလန်စီယာကို ခေါ်ယူတုန်းက တောင်ပံ ကစားသမား အဖြစ်နဲ့ ခေါ်ယူ ခဲ့ပေမယ့် နည်းပြဟောင်း ဗန်ဟား လက်ထက်မှာ နောက်တန်းလူ အဖြစ် ပြောင်းလဲ ကစားခိုင်း ခဲ့ပါတယ်။
ဗလန်စီယာဟာ ဒီနှစ် ရာသီထဲမှာ မန်ယူ အတွက် ၂၃ ပွဲ ကစားခွင့် ရထား ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/184580





No comments:
Post a Comment