မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, January 18, 2017

မန်စီးတီးနဲ့ စပါး ထိပ်တိုက်တွေ့မယ့် ပရီမီယားလိဂ် ပွဲစဉ် (၂၂)




ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ ဖြစ်တဲ့ ဇန်နဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ ပရီမီယာလိဂ် ပွဲစဉ် (၂၂)ကို ကစားဖို့ ရှိနေပြန် ပါတယ်။ တန်းစီ ဇယား ထိပ်ဆုံးက အသင်းတွေနဲ့ အားထုတ်မှု ကတော့ တဖြည်းဖြည်း ပြင်းထန် လာပြီး အမှား အယွင်းလည်း မရှိတော့ တာမို့ ကြည့်ကောင်းမယ့် ပွဲတွေဖြစ်ပါတယ်။

ဒီပွဲစဉ်တွေမှာတော့ စတုတ်ကွင်းမှာ သွားကစားရမယ့် မန်ယူ၊ အိမ်ကွင်းမှာ လက်ခံကစားရမယ့် ချယ်လ်ဆီးနဲ့စပါးတို့ ပွဲစဉ်ကလည်း ပရိသတ်တွေကို ရင်ခုန်လှိုက်မော
စေဦးမှာဖြစ်ပါတယ်။

မန်စီးတီးနှင့် စပါး
ဒီနှစ်သင်းရဲ့ နောက်ဆုံး ငါးပွဲတွေ့ဆုံတဲ့ပွဲမှာ စပါးတို့က သုံးပွဲနိုင်ပြီး မန်စီးတီးက နှစ်ပွဲနိုင်ထားပါတယ်။ စပါးနဲ့ ဆုံတိုင်း အကြိတ်အနယ်နွှဲရတဲ့ မန်စီးတီးဟာ လော လောဆယ်မှာတော့ နိုင်ပွဲတွေပြန်ရနေပါတယ်။ စပါးတို့ကလည်း တစ်သင်းလုံး ဟန် ချက်ညီအောင် ကစားနိုင်ပြီး ပွဲတိုင်းရလဒ်ကောင်းထွက်အောင် အားထုတ်နိုင်နေပါ တယ်။ ဒီနှစ် ပရီမီယာလိဂ်ဖလားကို အရယူဖို့ ကြိုးစားနေတဲ့ မန်စီးတီးတို့က အခုပွဲ ကို ခက်ခဲပေမယ့် အနိုင်ရအောင် စွမ်းဆောင်ပါလိမ့်မယ်။ ဒီပွဲဟာ ဂိုးမပြတ်ပေမယ့် အိမ်ရှင်ရဲ့ ပရိသတ်တွေ အောင်ပွဲခံပါလိမ့်မယ်။

စတုတ်နှင့် မန်ယူ
စတုတ်ဟာ မန်ယူကို အမြဲတမ်းအကျပ်အတည်းဖြစ်အောင် လုပ်နိုင်တာမို့ မန်ယူ တို့ ဒီပွဲကို သေသေချာချာ ပြင်ဆင်ကစားမှရပါလိမ့်မယ်။ မန်ယူဟာ နိုင်ပွဲဆက်တိုက် ရအောင် ဖော်ဆောင်နေတာမို့ အခုပွဲအဝေးကွင်းဆိုပေမယ့် အမှတ်ပြည့်ရယူရေး ဗျူဟာအခင်းအကျင်းပြောင်းပြီး တိုက်စစ်ဆင်ပါလိမ့်မယ်။ စတုတ်တို့က ပုံမှန်ခြေ စွမ်းရရှိနေပြီး မန်ယူကို ခြေရည်တူ ကစားပါလိမ့်မယ်။ စတုတ်တို့ကလည်း နိုင်ပွဲ ပြန်ရလာတာမို့ ဒီပွဲမှာ အားထည့်ကစားပြီး အနိမ့်ဆုံးတစ်မှတ်ရအောင် ရယူပါလိမ့် မယ်။

လီဗာပူးနှင့် ဆွမ်ဆီး
ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးပွဲတွေ့ဆုံမှုကိုကြည့်ရင် လီဗာပူးက နှစ်ပွဲနိုင်ပြီး ဆွမ် ဆီးက တစ်ပွဲနိုင်ထားပါတယ်။ တန်းဆင်းဇုန်ဖိအားကြောင့် ဆွမ်ဆီးတို့ ခြေကုန်ဖွင့် ကစားဖို့ ရှိမှာဖြစ်ပြီး လီဗာပူးဟာ အိမ်ကွင်းဆိုပေမယ့် အသက်ရှူမှားအောင် ကစား ရပါလိမ့်မယ်။ လီဗာပူးတို့က ပွဲတိုင်းအတိမ်းအစောင်းမခံတော့ဘဲ အမှတ်ပြည့်ရယူ ရေး ကြိုးစားလာမှာမို့ ဒီပွဲမှာ ဂိုးမပြတ်ပေမယ့် လီဗာပူးတို့ နိုင်ပွဲဖြစ်သွားနိုင်ပါတယ်။

ဘုန်းမောက်နှင့် ဝက်ဖို့ဒ်
ပရီမီယာလိဂ် အဝေးကွင်းမှာ ရှုံးပွဲတွေ ဆက်တိုက်ကြုံတွေ့နေရတဲ့ ဝက်ဖို့ဒ်ဟာ အခုပွဲ ဘုန်းမောက်ကွင်းမှာ သွားကစားရမှာမို့ ခက်ခဲပါဦးမယ်။ ဘုန်းမောက်တို့က အိမ်ကွင်းမှာ ခြေစွမ်းပြိုင်တာမို့ ဒီပွဲမှာတော့ ဝက်ဖို့ဒ်ကို အမှတ်ခွဲပေးမှာ မဟုတ်ပါ ဘူး။ ဝက်ဖို့ဒ်ရဲ့ အားနည်းချက်က ခံစစ်ပိုင်းဖြစ်ပြီး ပွဲတိုင်း ပေးဂိုးများနေတာမို့ ဒီပွဲ မှာ ဘုန်းမောက်တိုက်စစ်မှူးတွေကို ထိန်းချုပ်ဖို့ မလွယ်ပါဘူး။ ဘုန်းမောက်တို့ အမှတ်ပြည့်ရသွားမယ့်ပွဲပါပဲ။

မစ်ဒယ်ဘရော့နှင့် ဝက်စ်ဟမ်း
ခြေရည်တူ နှစ်သင်းမို့ အကြိတ်အနယ်ရှိမယ့်ပွဲဖြစ်ပါတယ်။ မစ်ဒယ်ဘရော့တို့က ခြေစွမ်းပုံမှန်မရသေးလို့ ရလဒ်လည်း အတက်အကျရှိနေပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးပွဲတွေ့ဆုံမှုကိုကြည့်ရင် ဝက်စ်ဟမ်းက တစ်ပွဲနိုင်ပြီး နှစ်ပွဲသရေဖြစ်ထား ပါတယ်။ ဒါပေမယ့် အိမ်ကွင်းမှာ ကစားရခက်ခဲတဲ့ မစ်ဒယ်ဘရော့ကိုပဲ အားပေးတာ မှန်ကန်ပါလိမ့်မယ်။

ခရစ္စတယ်ပဲလေ့စ်နှင့် အဲဗာတန်

ဒီပွဲကတော့ ပရိသတ်တွေအကြိုက်ဖြစ်လာမယ့်ပွဲပါပဲ။ ပဲလေ့စ်တို့က အိမ်ကွင်းမှာ အားထုတ်မှုကောင်းသလို အဲဗာတန်တို့ကလည်း အိမ်ကွင်းအဝေးကွင်းခြေစွမ်းပြ နိုင်ပါတယ်။ တန်းဆင်းဇုန် ရုန်းအားရှိနေတဲ့ ပဲလေ့စ်ဟာ အဲဗာတန်ကို အပြင်းအထန် တုံ့ပြန်ပြီး အမှတ်ရသမျှယူနိုင်ရေး အားထည့်ကစားပါလိမ့်မယ်။ နောက်ဆုံးတွေ့ဆုံ ခဲ့တဲ့ ဒီနှစ်သင်းရဲ့ ပွဲသုံးပွဲရလဒ်ကိုကြည့်ရင် သရေပွဲတွေချည်းဖြစ်ခဲ့တာမို့ အခုပွဲမှာ လည်း အမှတ်ခွဲယူရကိန်းဆိုက်သွားနိုင်ပါတယ်။

ဝက်စ်ဘရွန်းနှင့် ဆန်းဒါးလန်း
အဝေးကွင်း ရှုံးပွဲတွေများနေတဲ့ ဆန်းဒါးလန်းတို့ လက်ရှိခြေစွမ်းအရ မျှော်လင့် ချက်ကြီးကြီးထားလို့ မရတဲ့ပွဲပါပဲ။ အသင်းကြီးတွေနဲ့ ဆုံရင် နိုင်ပွဲမရတတ်ပေမယ့် ခြေရည်တူအသင်းတွေနဲ့ဆုံရင်တော့ အနိုင်ရအောင် ကစားတတ်တဲ့ ဝက်စ်ဘရွန်း ဟာ အခုပွဲမှာလည်း ဂိုးပြတ်သွင်းနိုင်ရေးသာ ထုတ်ပါလိမ့်မယ်။ ဝက်စ်ဘရွန်းဟာ အိမ်ကွင်းမှာ အမှတ်ပြည့်ရယူနိုင်ရေး စွမ်းဆောင်နိုင်တာမို့ အိမ်ရှင်ပရိသတ်တွေ အောင်ပွဲခံနိုင်မယ့်ပွဲပါပဲ။

မိုးမြင့်လင်းလက်

From : Myanmaalinn

Originally published at - https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment