
အီတလီ စီးရီးအေမှ ပွဲစဉ် ၂ဝ အပြီး ဂျူဗင်တပ်စ် အသင်း အနေနဲ့ ဇယား ထိပ်ဆုံးကို ရောက်နေ ပေမယ့် ဖီအိုရင် တီးနားကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့် ခဲ့တဲ့ အတွက် ဇယားထိပ် အားပြိုင်မှုတွေ ပြင်းထန် လာခဲ့ ပါတယ်။
ဒီအတော အတွင်းမှာပဲ ဒုတိယ နေရာမှ ရိုးမား က အူဒီးနိစ် အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရလိုက်တဲ့ အတွက် ထိပ်ဆုံးရောက် ဂျူဗင် တပ်စ်နဲ့ တစ်မှတ် အလို ကပ်လိုက် လာပါတယ်။
ဂျူဗင်တပ်စ် အသင်းဟာ ၂ဝ၁၇ ခုနှစ် ထဲမှာ ပထမဆုံး နှစ်ပွဲသာ အနိုင်ရ ထားပါတယ်။
ဒီပွဲရလဒ် အနေအထားကြောင့် ဂျူဗင် တပ်စ်ကို ရိုးမားက အနီးကပ်စိန်ခေါ်လာနိုင်ပြီ ဖြစ်ပါတယ်။ တတိယနေရာမှာ နာပိုလီ ကလည်း ရမှတ် ၄၁ မှတ်နဲ့ ထိပ်ဆုံးရောက် ဂျူဗင်တပ်စ်ကို ဖိအားပေးလာပါတယ်။
အီတလီ စီးရီးအေမှာ ပွဲစဉ် ၂ဝ ကစားပြီးချိန်မှာတော့ အသင်းတွေရဲ့ ပြိုင်ဆိုင်မှုအား ပြင်းထန်လာတယ်လို့ ဆိုနိုင်ပါတယ်။
သို့ပေမယ့် ဂျူဗင်တပ်စ်ကတော့ ရမှတ် ၄၅ မှတ် နဲ့ ထိပ်ဆုံးမှာပါ။ ရိုးမားက ၄၄ မှတ်၊ နာပိုလီက ၄၁ မှတ်နဲ့ ရပ်တည်နေပါတယ်။
နာမည် ကြီးအင်တာမီလန်ကတော့ နံပါတ် ၆ နေရာမှ ရမှတ် ၃၆ မှတ်နဲ့ ရပ်တည်နေတာကြောင့် ဒီနှစ်ဖလားလုပွဲမှ မျှော်လင့်ချက် မှေးမှိန်နေတဲ့ အနေအထားဖြစ်ပါတယ်။
ကောင်းမြတ်သူ - စုစည်းသည်။
From : Myanmaalinn
Originally published at - https://www.facebook.com/MYANMAALINNNEWS

No comments:
Post a Comment