
လက်စတာ အသင်း နည်းပြ ရိုင်နရီက ချဲလ်ဆီး အသင်းကို ဒီနှစ် ပရီးမီးယားလိဂ် ရာသီမှာ ချန်ပီယံ ဖြစ်စေ ချင်တယ်လို့ ပြောဆို လိုက်ပါတယ်။
အသက် ၆၅ နှစ် အရွယ် အီတလီသား နည်းပြက တနိုင်ငံတည်းသား ချဲလ်ဆီး နည်းပြ ကွန်တီကို ပရီးမီးယားလိဂ် ချန်ပီယံဆု ရစေချင်နေတာ ဖြစ်ပါတယ်။
နည်းပြ ရိုင်နရီက ချဲလ်ဆီးနည်းပြဟောင်းအနေနဲ့ရော အီတလီ ပရိသတ်အနေနဲ့ပါ ပြောရရင် နည်းပြ ကွန်တီရဲ့ ရည်မှန်းချက်တွေ အောင်မြင်စေချင်တယ်လို့ ပြောပါတယ်။
နည်းပြ ရိုင်နရီရဲ့ လက်စတာက ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံဖြစ်ထားပေမယ့် ဒီနှစ်ရာသီမှာတော့ ရုန်းကန်နေရပြီး တန်းဆင်းဇုန်အထက် အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။
သူဟာ လက်စတာအသင်းနဲ့ ၂၀၂၀ အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/184813





No comments:
Post a Comment