မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 19, 2017

ပလိုင်းမောက်ကို အနိုင်ယူပြီး လီဗာပူး အက်ဖ်အေဖလား စတုတ္ထဆင့် တက် (ရုပ်သံဟိုက်လိုက်)




အက်ဖ်အေ ဖလား ပြန်ကန် ပွဲစဉ် အဖြစ် ပလိုင်းမောက်နဲ့ လီဗာပူးတို့ ဇန်နဝါရီ ၁၈ ရက်ညက ယှဉ်ပြိုင်ရာ လီဗာပူးက လူးကပ်စ်ရဲ့ တလုံး တည်းသော ဂိုးနဲ့ နိုင်ပြီး စတုတ္ထ အဆင့်ကို တက်ရောက် သွားပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာ ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက်သွင်းယူခဲ့တဲ့ လူးကပ်စ်ရဲ့ ဒီဂိုးဟာ ၇ နှစ်အတွင်း လီဗာပူးအတွက် ပထမဆုံးသွင်းယူပေးတဲ့ဂိုးလည်း ဖြစ်ပါတယ်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ဟာ ဒီပွဲမှာ အဓိက ကစားသမား အနည်းငယ်နဲ့ အရန်ကစား အများစုတွဲဖက်ပြီး ယှဉ်ပြိုင်ခဲ့တာပါ။

လီဗာပူးဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့်တွေ အသာစီးရခဲ့ပေမယ့်လည်း ပလိုင်းမောက်ရဲ့ ခံစစ်ကစားပုံ ကောင်းမွန်ခဲ့တဲ့အတွက် တဂိုးတည်းနဲ့ ကပ်နိုင်ခဲ့တာပါ။

ပလိုင်းမောက်ကတော့ လီဗာပူးဘက်ကို တခါတရံမှသာ တန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့ပြီး ထိရောက်တဲ့ ကန်သွင်းချက် အနည်းငယ် လုပ်နိုင်ခဲ့ပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။

ပွဲချိန် ၈၇ မိနစ်မှာ လီဗာပူး ပယ်နယ်တီကန်သွင်းခွင့်ရပြီး တိုက်စစ်မှူး အိုရီဂီ ကန်သွင်းချက် ပလိုင်းမောက်ဂိုးသမား ကာကွယ်နိုင်ခဲ့တဲ့အတွက် လီဗာပူး နစ်နာခဲ့ရပါတယ်။

ဒီပွဲနိုင်တဲ့ လီဗာပူးအသင်းဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ ချန်ပီယံရှစ်တန်းက ဝုဖ်ဗာဟမ်တန် ဝမ်းဒါးရားစ်နဲ့ လာမယ့် ဇန်နဝါရီ ၂၈ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/184816

No comments:

Post a Comment