မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 19, 2017

စပိန်ဘုရင့်ဖလားပွဲတွင် ဆယ်လ်တာဗီဂိုကို ၂ ဂိုး ၁ ဂိုးဖြင့် ရီးရဲလ် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)




စပိန် ဘုရင့်ဖလား ကွာတား ဖိုင်နယ် ပထမ အကျော့ပွဲစဉ် အဖြစ် ရီးရဲလ် မက်ဒရစ်နဲ့ ဆယ်လ်တာ ဗီဂိုတို့ ဇန်နဝါရီ ၁၈ ရက်ညက ယှဉ်ပြိုင်ရာ ဆယ်လ်တာ ဗီဂိုက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ပွဲလေးဆယ်ဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့စံချိန်ဟာ လာလီဂါ အမှတ်ပေးပွဲစဉ်မှာ ဆီဗီလာကို ရှုံးနိမ့်လို့ ရပ်တန့်ခဲ့ရပြီးနောက် အခုတခါ စပိန် ဘုရင့်ဖလား ပွဲမှာပါ ရှုံးပွဲ ဆက်ခဲ့ ရတာပါ။

ရီးရဲလ်ဟာ ဒီပွဲမှာ ရော်နယ်ဒို၊ တိုနီခရူးစ်၊ မိုဒရစ်၊ မာဆယ်လို၊ ရာမို့စ် စတဲ့ အဓိက ကစားသမားအများအပြားနဲ့ ပွဲထွက်လာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့်တွေမှာ အပြတ် အသာစီးရခဲ့ပါတယ်။

ဒါပေမယ့် အဖွင့်ဂိုးကိုတော့ ဆယ်လ်တာဗီဂိုက ရရှိခဲ့ပြီး ပွဲချိန် ၆၄ မိနစ်မှာ အက်စ်ပက်စ်က ဘယ်ခြေနဲ့ အနီးကပ် အပြင်းကန်သွင်းယူပေးခဲ့တာပါ။

ရီးရဲလ်အတွက် ချေပဂိုးကို ၆၉ မိနစ်မှာ မာဆယ်လိုက သွင်းယူပေးခဲ့ပေမယ့် မိနစ် ၇၀ မှာ တန်ပြန်တိုက်စစ်ကတဆင့် ဆယ်လ်တာဗီဂိုအတွက် ဂျွန်နီက အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး ၂ ဂိုး ၁ ဂိုးနဲ့ ဆယ်လ်တာဗီဂို အနိုင်ရသွားပါတယ်။

ဒီနှစ်သင်းရဲ့ ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် ဇန်နဝါရီ ၂၆ ရက်နေ့ကျရင် ဆယ်လ်တာဗီဂိုကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/184822

No comments:

Post a Comment