မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, January 19, 2017

ဟော်ရီဇွန် ဖိတ်ခေါ် စားပွဲတင်တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပမည်




ဟော်ရီဇွန် အင်တာ နေရှယ်နယ် ကျောင်း (Horizon International Schools) ကနေ ၉ ကြိမ်မြောက် ကျောင်းပေါင်းစုံ ဖိတ်ခေါ် စားပွဲတင် တင်းနစ် ချန်ပီယံရှစ် ပြိုင်ပွဲကို ဇန်နဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်နေ့ ကျရင် ရန်ကုန် ဟော်ရီဇွန် အင်တာနေရှင်နယ် ကျောင်း ရှုခင်းသာ ကျောင်းခွဲ ဖြစ်တဲ့ အမှတ် ၂၃၅၊ ရှုခင်းသာမြို့ပတ်လမ်း၊ သာကေတ မြို့နယ်မှာ ကျင်းပ သွားဖို့ ရှိပါတယ်။

ဒါ့အပြင် မန္တလေးမြို့မှာလည်း ဇန်နဝါရီ ၂၈ ရက်နေ့ကျရင် မန္တလေး ဟော်ရီဇွန် အင်တာနေရှင်နယ်ကျောင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို ဟော်ရီဇွန် အားကစားအကယ်ဒမီက ဦးဆောင်ပြုလုပ်ပြီး မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်နဲ့ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) က ပူးပေါင်း ကျင်းပတာပါ။

ဒီပြိုင်ပွဲမှာ အသက် ၁၂ နှစ်အောက်၊ ၁၅ နှစ်အောက်၊ အမျိုးသား အမျိုးသမီးပြိုင်ပွဲ၊ အသက် ၁၈ နှစ်အောက်၊ အသက် ၄၅ နှစ်အောက်၊ အမျိုးသားပြိုင်ပွဲ၊ အမျိုးသား ၂ ယောက်တွဲပြိုင်ပွဲ၊ အမျိုးသားအလွတ်တန်းပြိုင်ပွဲ၊ အမျိုးသမီးအလွတ်တန်းပြိုင်ပွဲဆိုပြီး ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ အခြေခံပညာကျောင်းတွေ၊ တက္ကသိုလ်ကျောင်းတွေ၊ အင်တာနေရှင်နယ်ကျောင်းတွေက အားကစားသမားတွေနဲ့ ပြင်ပဝါသနာရှင်တွေ ပါဝင်ယှဉ်ပြိုင် ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

From : ဒီဗွီဘီ by လေးလေးမွန်

Originally published at - http://burmese.dvb.no/archives/184845

No comments:

Post a Comment