မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, September 29, 2015

ကမ္ဘာကျော်တိုက်စစ်မှူး C.Ronaldo က သူ့ရဲ့ မှတ်တမ်းရုပ်ရှင်မှ ဇာတ်ဝင်ခန်းအချို့ကို အကြို ပြသ




ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး Cristiano Ronaldo ဟာ အချိန် ၁၄ လကြာအောင် ဖန်တီး ခဲ့ရတဲ့ သူ့ရဲ့ မှတ်တမ်း ရုပ်ရှင်က ဇာတ်ဝင်ခန်း အချို့ကို လူမှုကွန်ယက် စာမျက်နှာတွေ ပေါ်မှာ မျှဝေခဲ့ ပါတယ်။

ဒီနှစ်မိနစ်စာ အကြိုပြသမှုမှာ Cristiano Ronaldo ဟာ ငယ်စဉ်ကလေးဘဝကနေ သုံးကြိမ်မြောက် Ballon d'Or ဆုကို ရယူနိုင်ခဲ့တဲ့အထိ ပါဝင်ခဲ့ပါတယ်။

သူဟာ မကြာသေးခင်ကမှ ကိုယ်ပိုင်ရေမွှေးကို မိတ်ဆက်ခဲ့ပြီး အခုအချိန်မှာတော့ ရုပ်ရှင်ကိုပါ စတင်မိတ်ဆက်လိုက်တာပါ။

ဒီရုပ်ရှင်မှာ Ronaldo ရဲ့ ဘောလုံးသမားဘဝ သာ မကပဲ သူ့ရဲ့ မိသားစုတွေ သူငယ်ချင်းတွေနဲ့ လူမှုနေထိုင်မှုဘဝပုံစံကိုပါ ထင်ဟပ်ပြသထားတယ်လို့ သိရပါတယ်။

သူ့ရဲ့ ဇာတ်ကားဟာ နိုဝင်ဘာ ၉ ရက်နေ့မှ တရားဝင်ပြသမှာဖြစ်ပေမယ့် ယခုအချိန်တည်းက စတင်ပြီး သူ့ရဲ့ပရိတ်သတ်တွေက Oscar ဆုအတွက် တစ်ပေးနေကြပါပြီ။

ဒီရုပ်ရှင်အတွက် သူဟာ ဝက်ဘ်ဆိုက်တစ်ခုကိုတောင်လွှင့်တင်ထားပါတယ်။ သူ့ရဲ့ရုပ်ရှင်အတွက် အသေးစိတ်အချက်အလက်တွေကိုတော့ www.ronaldothefilm.com မှာ ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

(Paing A K)

သစ်ထူးလွင်(အားကစား)

Ref : Goal.com

Original link - http://sports.thithtoolwin.com/2015/09/cronaldo.html

No comments:

Post a Comment