
ချယ်လ်ဆီး ကွင်းလယ် လူဟောင်း Andre Schurrle က နည်းပြ Mourinho ၏ ယုံကြည်မှုကို မရခဲ့ သဖြင့် အသင်းကို စွန့်ခွာ ခဲ့ရခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။
ဂျာမနီ လက်ရွေးစင် ကစား သမားဟာ ချယ်လ်ဆီး အတွက် ပထမ ရာသီမှာ ရှစ်ဂိုး အထိ သွင်းယူ နိုင်ခဲ့ပြီး ကွင်းလယ် ကနေ ဖန်တီးမှု အကြိမ်ရေ တော်တော် များများ ကိုလည်း ပြုလုပ် ပေးနိုင် ခဲ့ပါတယ်။
ဒါပေမယ့် ဒုတိယ ရာသီဝက် အရောက်မှာ နည်းပြရဲ့ ယုံကြည်မှုကို ပျောက်ဆုံး ခဲ့ပြီး နေရာပျောက် သွားခဲ့ တာပါ။ ဒါကြောင့် သူဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျကို စွန့်ခွာ ခဲ့ပြီး ဂျာမန်မြေက ဝုလ်ဖ်ဘတ် အသင်းကို ပြန်လည် ပြောင်းရွှေ့ခဲ့ပါတယ်။
" ကျွန်တော်ဟာ ချယ်လ်ဆီးမှာ အကောင်းဆုံး ပုံစံကို ပြသနိုင် ခဲ့ပါတယ်လို့ ကိုယ့်ကိုကိုယ် ထင်မိပါတယ်။
ဒါပေမယ့် ဒုတိယ ရာသီမှာ နည်းပြရဲ့ယုံကြည်မှုကို မရခဲ့ ပါဘူး။ ကျွန်တော့်ကို ပွဲဦးထွက် အဖြစ် အသုံးပြု ခဲ့တာ ရှားလွန်း ခဲ့ပါတယ်။ အရန်ကစား သမား အဖြစ်ပဲ သဘောထား ခဲ့ပါတယ်။ သူဟာ ကြီးကျယ် ခမ်းနားတဲ့ နည်းပြ တစ်ဦးပါ။ ဒါပေမယ့် သူ့ရဲ့ ထင်မြင်ချက်တွေ ကလည်း တစ်ခါတစ်လေတော့ ဆိုးရွား လွန်းပါတယ် " လို့ပြောသွား ခဲ့ပါတယ်။
သူဟာ ဝုလ်ဖ်ဘတ် အသင်းမှာလည်း ပျော်ရွှင်နေ ပါပြီလို့ ထပ်လောင်းပြောပြ သွားခဲ့ ပါတယ်။
(Paing A K)
သစ်ထူးလွင်(အားကစား)
Ref : Goal.com
Original link - http://sports.thithtoolwin.com/2015/09/andre-schurrle.html

No comments:
Post a Comment