မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, September 29, 2015

ယခုတစ်ပတ်အတွက် ပရီးမီးယားလိဂ် အညံ့ဆုံးအသင်း




Goal.com ကနေ ရွေးချယ်ခဲ့တဲ့ ယခုတစ်ပတ် အတွက် ပရီးမီးယားလိဂ် အညံ့ဆုံး အသင်းမှာ အဝေးကွင်းမှာ စပါးအသင်းကို လေးဂိုးပြတ်နဲ့ ရှုံးခဲ့တဲ့ မန်စီးတီး အသင်းက ငါးဦး အထိပါဝင် လာပါတယ်။

မန်စီးတီး အသင်းဟာ ဂိုးသမား Caballero , Kolarov, Demichelis , Sterling , Aguero စတဲ့ ရှေ့ လယ် နောက် ကစားသမား အစုံအလင်ပါဝင်လာတာပါ။

စပါးအသင်းနဲ့ပွဲမှာ ဂိုးသမား Caballlero ဟာ အစောပိုင်းမှာ လက်စွမ်းတွေပြသနိုင်ခဲ့ပေမယ့် စပါးနောက်ခံလူ Eric Dier ရဲ့အဝေးကန်သွင်းဂိုးနဲ့ Toby Alderweireld တို့ရဲ့ ခေါင်းတိုက်ဂိုးတွေမှာ အမှားတွေပြုလုပ်ခဲ့တာကြောင့် သူ့ကိုဖော်ပြခဲ့တာပါ။

နောက်တစ်ယောက်အနေနဲ့ကတော့ နောက်ခံလူ Martin Demichelis ပါ။ သူကတော့ ကွင်းလယ်ဒိုင်ကို ပထမပိုင်းအပြီးမှာ စောဒကတက်ခဲ့လို့ အဝါကတ်ပြသခံခဲ့ရပြီး တတိယဂိုးပေးလိုက်ရတဲ့ ပြစ်ဒဏ်ဘောဟာလည်း သူ့ကြောင့်ပဲဖြစ်ခဲ့ရတာပါ။ Lamela ကိုပြစ်ဒဏ်လုပ်ခဲ့တဲ့ ဖြစ်စဉ်မှာလည်း ကံကောင်းလို့သာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်မခံခဲ့ရတာပါ။

နောက်တစ်ယောက်ကတော့ နောက်ခံလူ Aleksandar Kolarov ပါ။ သူကတော့ ပထမပိုင်းမှာ နောက်တန်းမှာ ခိုင်ခိုင်မာမာကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းအရောက်မှာ တိုက်စစ်ကိုလိုက်ပါနေချိန်မှာ ပြိုင်ဘက်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို ပြန်လည်မထိန်းချုပ်နိုင်ခဲ့ပဲ သူ့ရဲ့ zone ကနေပဲ ဂိုးတွေကို ခွင့်ပြုခဲ့ရတာကြောင့် ဖြစ်ပါတယ်။

နောက်တစ်ယောက်အနေနဲ့ Raheem Sterling က ပါဝင်လာခဲ့ပြီး သူကတော့ပြိုင်ဘက်ခံစစ်ကို မခြိမ်းခြောက်နိုင်ခဲ့ပဲ ပြိုင်ဘက်ကစားသမား Kyle Walker ကို မကျော်လွှားနိုင်ခဲ့တာကြောင့်ပါ။

နာမည်ကျော်တိုက်စစ်မှူး Sergio Aguero ကပါဝင်လာခဲ့ပြီး သူကတော့ကွင်းလယ်က တိုက်စစ်ကို မထောက်ပံ့ပေးနိုင်ချိန်မှာ ကျောက်ရုပ်တစ်ရုပ်လိုပဲ တိုက်စစ်မှာနေ နေခဲ့ရတာကြောင့် ဖြစ်ပါတယ်။

အညံ့ဆုံးအသင်းမှာတော့ ချယ်လ်ဆီးအသင်းက Kurt Zouma နဲ့ Oscar တို့လည်းပါဝင်လာတယ်လို့ သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)

Ref : Goal.com

Original link - http://sports.thithtoolwin.com/2015/09/blog-post_98.html

No comments:

Post a Comment