မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, February 18, 2016

မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း နည်းပြသစ်




မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း နည်းပြသစ် အဖြစ် နယ်သာလန် အမျိုးသမီး လက်ရွေးစင် အသင်း နည်းပြဟောင်း Mr.RogerReijners နဲ့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တို့ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က နှစ်ဖက် သဘောတူ စာချုပ် ချုပ်ဆို ခဲ့ပါတယ်။

စာချုပ် သက်တမ်းမှာ ခြောက်လ ဖြစ်ပြီး နည်းပြသစ် အတွက် လစာကို MFF ကပေး ချေသွားမှာ ဖြစ်ကာ ပေးချေ ရမယ့် လစာ ကိုတော့ မထုတ်ပြန် ခဲ့ပါဘူး။

၂၀၁၆ ခုနှစ် အတွင်းမှာ မြန်မာ အမျိုးသမီး လက်ရွေးစင် အသင်း ဟာ နိုင်ငံတကာ ပြိုင်ပွဲတွေကို ယှဉ်ပြိုင် သွားဖို့ ရှိပြီး နည်းပြသစ် ရိုင်နာ သက်တမ်း ကာလ အတွင်း အာဆီယံ အမျိုး သမီး ချန်ပီယံရှစ် ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ သွားဖို့ ရှိနေ ပါတယ်။



Eleven Burma

Original link - https://www.youtube.com/channel/UCzoPb9sKVAHd-pIzv9RGGRA


No comments:

Post a Comment