
ဖေဖော်ဝါရီ ၁၉ရက်က ယှဉ်ပြိုင် သွားတဲ့ ယူရိုပါလိဂ် ရှုံးထွက် ပထမ အကျော့ ပွဲစဉ်မှာ မစ်ဂျဲလန် အသင်းက မန်ယူကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင် ရသွား ပါတယ်။
ပွဲအစ ၃၇ မိနစ်မှာ မန်ယူက ဒီပေး ဦးဆောင်ဂိုး သွင်းယူနိုင် ခဲ့ပါတယ်။
ပထမပိုင်း ပြီးကာ နီးမှာ ဒိန်းမတ် အသင်း မစ်ဂျဲလန်က ချေပဂိုး ပြန်လည် သွင်းယူပြီး ပထမပိုင်းမှာ ၁ ဂိုးစီ သရေ ကျနေတာပါ။
ပွဲချိန် ၇၇ မိနစ်မှာ မစ်ဂျဲလန်က အနိုင်ဂိုး သွင်းယူပြီး ပွဲအပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
မန်ယူက ဒီပွဲမှာ ဒဏ်ရာ ရနေတဲ့ အသင်းခေါင်းဆောင် ရွန်နီနဲ့ ဂိုးသမား ဒီဂီယာ အပါအ၀င် အဓိက ကစားသမား တော်တော် များများ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိပါဘူး။
ဒီပွဲမှာ မန်ယူက ဘောလုံး ပို်င်ဆိုင်မှု အသာစီး ယူနိုင်ပေမယ့် ထိုးဖောက် ကန်သွင်း ခွင့်ကတော့ အပြန် အလှန် ရခဲ့ပါတယ်။
မန်ယူဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကျရင် ရှုံးထွက် ဒုတိယ အကျော့ပွဲစဉ် အဖြစ် အိမ်ကွင်းမှာ ပြန်လည်ဧည့်ခံ ယှဉ်ပြိုင် ရမှာပါ။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/135921





No comments:
Post a Comment